ဘင်္ဂလားပင်လယ်အော် မုန်တိုင်းကြောင့်မြန်မာ့ ကမ်းရိုးတန်းတွင် ဇူလိုင် ၁၀ရက်၌ အဆိုးရွားဆုံး မိုးကြီးမည်

ဘင်္ဂလားပင်လယ်အော် မုန်တိုင်းကြောင့်မြန်မာ့ ကမ်းရိုးတန်းတွင် ဇူလိုင် ၁၀ရက်၌ အဆိုးရွားဆုံး မိုးကြီးမည်

ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းတွင် မုန်တိုင်းဖြစ်နိုင်ခြေများလာသည့်အတွက် ဇူလိုင်လ ၁၀ရက်တွင် မြန်မာ့ကမ်းရိုးတန်းဒေသများ၌ မိုးကြီးမှု အဆိုးရွားဆုံး ဖြစ်နိုင်သည်ဟု မိုးလေဝသ နှင့် ဇလဗေဒ ပညာရှင် ဒေါက်တာ ဦးထွန်းလွင်က မဇ္ဈိမကို ပြောသည်။ 

"မြန်မာနိုင်ငံ  အနေဖြင့် မိုးကောင်းနေတယ်၊ လေးငါးရက်အတွင်း လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်၍ မြန်မာ့ကမ်းရိုးတန်းဒေသများ၌ မိုးကောင်း၍ ရေကြီးနိုင်ပါတယ်။ လက်ရှိ ကမ်းရိုးတန်းဒေသများတွင် မိုးရွာ၍ ရေကြီးနိုင်တယ်။ ဆိုးတာက အခုတည်းကဆိုးတာ ဇူလိုင် ၁၀ ရက်နေ့မှာ အဆိုးဆုံး ဖြစ်မယ် "ဟု ၎င်းကပြောသည်။

ဘင်္ဂလားပင်လယ်အော်က ယင်းမုန်တိုင်းငယ်ကြောင့် လာမည့်တစ်ပတ်အတွင်း မုတ်သုံလေ အားကောင်းကာ ရခိုင်ကမ်းရိုးတန်းဒေသများနှင့် မြစ်ဝကျွန်းပေါ်ဒေသများတွင် မိုးကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်မည်ဟု ၎င်းကပြောသည်။

ယင်းအပြင် ပစိဖိတ်သမုဒ္ဒယာထဲ၌လည်း အားကောင်းသည့် အပူပိုင်းမုန်တိုင်း သုံးလုံး နှင့် လေဖိအားနည်း ရပ်ဝန်း နှစ်ခု ဖြစ်ပေါ်နေပြီး ယင်းမုန်တိုင်းသည် တောင်တရုတ်ပင်လယ်မှ ဗီယက်နမ်ကမ်းခြေကို  ဖြတ်ကျော်၍ မြန်မာနိုင်ငံသို့ ရောက်ရှိသောကြောင့် မိုးကောင်းနိုင်သည်ဟု ဒေါက်တာထွန်းလွင်က ပြောသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags