ပင်လယ်ရေကြောင်းအလုပ်သမားများဆိုင်ရာ သဘောတူမှု မြန်မာလက်မှတ်ရေးထိုး

ပင်လယ်ရေကြောင်းအလုပ်သမားများဆိုင်ရာ သဘောတူမှု မြန်မာလက်မှတ်ရေးထိုး

မြန်မာနိုင်ငံသည် ပင်လယ်ရေကြောင်းအလုပ်သမားဆိုင်ရာ သဘောတူညီမှု Martime Labour Convention 2006 (MLC 2006)တွင် ပါဝင်လက်မှတ်ရေးထိုးလိုက်ပြီဟု ILO (နိုင်ငံတကာအလုပ်သမားအဖွဲ့အစည်း) က ကြေငြာလိုက်သည်။

MLC 2006 တွင် အဓိကသမိုင်းမှတ်တိုင်အဖြစ် မြန်မာနိုင်ငံသည့် ILO (နိုင်ငံတကာအလုပ်သမားအဖွဲ့အစည်း) အဖွဲ့ဝင် ၇၅ နိုင်ငံမြောက်အဖြစ် ပါဝင်လက်မှတ်ရေးထိုးသည့် နိုင်ငံဖြစ်လာပြီဖြစ်သည်။ နိုင်ငံခြားရေးဝန်ကြီးဒေါ်အောင်ဆန်းစုကြည်က စာရွက်စာတမ်းများတွင် လက်မှတ်ရေးထိုးကာ ပေးပို့ခဲ့ခြင်းဖြစ်သည်။

MLC 2006 တွင် ပါဝင်လက်မှတ်ရေးထိုးခြင်းနှင့် မြန်မာနိုင်ငံနှင့် ILO အကြား ဆက်ဆံရေးကို သမိုင်းတစ်ရပ် တင်နိုင်ခြင်းလည်းဖြစ်သည်။ လက်ရှိအထိ မြန်မာနိုင်ငံ၏ ILO က ရန်ပုံငွေမတည်ထူထောင်သော ကွန်ဗင်းရှင်း ရှစ်ခုတွင် သုံးခု၌ ပါဝင်လက်မှတ်ရေးထိုးထားပြီးသည့် နိုင်ငံဖြစ်သည်။ ယင်းတို့မှာ Force Labour၊ Freedom of Association and Right to Organise နှင့် Worst Forms of Child Labour တို့ဖြစ်ကြသည်။

ယခု MIC တွင် ပါဝင်လက်မှတ်ရေးထိုးမှု အခမ်းအနားသို့ တက်ရောက်ခဲ့သည့် ဂျနီဗာရှိ ကုလသမဂ္ဂရုံးနှင့် အခြားနိုင်ငံတကာအဖွဲ့အစည်းများဆိုင်ရာ မြန်မာနိုင်ငံအမြဲတမ်းကိုယ်စားလှယ် ဦးမောင်ဝေက "စံတစ်ရပ်ဖြစ်တဲ့ ပင်လယ်ရေကြောင်း အလုပ်သမားဆိုင်ရာ သဘောတူညီမှုမှာ ပါဝင်ရလို့ မြန်မာနိုင်ငံအတွက် ဝမ်းမြောက်မိပါတယ်။ MLC နဲ့အတူ မြန်မာနိုင်ငံက ပူးပေါင်းဆောင်ရွက်ပြီး တစ်ကမ္ဘာလုံးဆိုင်ရာ အားထုတ်မှုတွေမှာ ပါဝင်သွားမှာဖြစ်ပါတယ်။"ဟု ပြောကြားခဲ့သည်။

အဆိုပါ သဘောတူညီမှုတွင် ပါဝင်ထားခြင်းဖြင့် ပင်လယ်ရေကြောင်းလုပ်ကိုင်နေသည့် သင်္ဘောသားများ၏ အခွင့်အရေးများကို ကာကွယ်ပေးနိုင်မည်ဖြစ်သကဲ့သို့ သင်္ဘောများနှင့် ပတ်သက်သည့် ချမှတ်ထားသည့် စံချိန် စံညွန်းများကိုလည်း ပိုမို၍ စေ့စပ်သေချာမှုကို ပေးနိုင်မည်ဖြစ်သည်။

ယခုပါဝင်လက်မှတ်ရေးထိုးပြီး၍ တစ်နှစ်ကြာ ၂၀၁၇ မေ ၂၅ ရက်မှ MLC သဘောတူညီမှုက မြန်မာနိုင်ငံအတွက် အသက်ဝင်မည်လည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly