ကမ္ဘာ့ အရှည်ဆုံး မြေအောက် ဥမင်ရထားလမ်းကို ဆွစ်ဇာလန်နိုင်ငံတွင် မကြာမီ ဖွင့်လှစ်သွားမည်

ကမ္ဘာ့ အရှည်ဆုံး မြေအောက် ဥမင်ရထားလမ်းကို ဆွစ်ဇာလန်နိုင်ငံတွင် မကြာမီ ဖွင့်လှစ်သွားမည်

ဇွန် ၁ ။             ။ ကမ္ဘာပေါ်တွင် အရှည်လျားဆုံးနှင့် အနက်ရှိုင်းဆုံး ဖြစ်လာမည့် မြေအောက် ရထားလမ်း ဥမင်ကြီး ကို ဆွစ်ဇာလန်နိုင်ငံတွင် တရားဝင် ဖွင့်လှစ်သွားတော့မည်ဟု သတင်းတစ်ရပ်တွင်   ဖော်ပြထားသည်။ ဆယ်စုနှစ် နှစ်စုနီးပါး တည်ဆောက်ရေးလုပ်ငန်းများ  လက်စသတ်နိုင်ခဲ့ပြီးနောက် ယခုအခါ တရားဝင် ဖွင့်လှစ်နိုင်တော့မည်ဖြစ်သည်။

ဆွစ်ဇာလန်ရှိ Alps တောင်တန်းကြီးအောက်ဘက်တွင် ဖောက်လုပ်ထားခဲ့သော ၅၇ ကီလိုမီတာ ( ၃၅ မိုင်)  ရှည်လျားသော အဆိုပါ Gotthard base ရထားဥမင်လှိုဏ်ခေါင်း စီမံကိန်းတွင် ဥရောပ မြောက်ခြမ်းနှင့် တောင်ခြမ်းကို ဆက်သွယ်ပေးနိုင်မည့် မြန်နှုန်းမြင့် ရထားလမ်းတစ်ခုဖြင့် ဆက်သွယ်ပေးထားခြင်းဖြစ်သည်။

ယင်း မြေအောက် ဥမင် ရထားလမ်းကြီးက ဥရောပဒေသ၏ သယ်ယူပို့ဆောင်ရေးပိုင်းကို အသွင်ပြောင်းလဲသွားစေမည်ဖြစ်ကြောင်း ဆွစ်ဇာလန် အစိုးရက ပြောဆိုခဲ့သည်။

လက်ရှိအချိန်တွင် တစ်နှစ်ကို လော်ရီကား သန်းပေါင်းများစွာဖြင့် ကုန်းလမ်းပေါ်တွင် သယ်ယူနေရခြင်းကို ယခုအခါ ရထားဖြင့် အစားထိုးပြောင်းလဲ သယ်ပို့နိုင်တော့မည်ဖြစ်သည်။

ယခု Gotthard base ရထားလမ်းသည် အရှည်ပေ ကီလိုမီတာ ၅၃ ဒသမ ၉ ရှိသည့် ဂျပန်မှ Seikan ဥမင်ရထားလမ်းထက် သာလွန်သွားမည်ဖြစ်ကာ ကမ္ဘာ့အရှည်ဆုံး မြေအောက် ရထားလမ်းဖြစ်လာမည်ဖြစ်သည်။

အဆိုပါ ရထားဥမင် ဖွင့်ပွဲအခမ်းအနားသို့ ဂျာမန် အဓိပတိ အိန်ဂျယ်လာ မာကယ်လ်၊ ပြင်သစ် သမ္မတ ဟော်လန်ဒီ နှင့် အီတလီ ဝန်ကြီးချုပ် မက်တီအို ရန်ဇီတို့ကလည်း ဆွစ်ဇာလန်အာဏာပိုင်များနှင့် အတူ တက်ရောက်လာမည်ဖြစ်သည်။

ယင်း ရထားဥမင် စီမံကိန်းအတွက် ဒေါ်လာ ၁၂ ဘီလီယံ အထိ အကုန်အကျခံထားရသည်ဟုလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly