ဒေါ်နယ်ထရန့်သည် အမေရိကန်သမ္မတအဖြစ် သင့်တော်သူဖြစ်ကြောင်း မြောက်ကိုရီးယား ထောက်ခံ

ဒေါ်နယ်ထရန့်သည် အမေရိကန်သမ္မတအဖြစ် သင့်တော်သူဖြစ်ကြောင်း မြောက်ကိုရီးယား ထောက်ခံ

ဆိုးလ်၊ ဇွန် ၁ ။            ။ အမေရိကန် ရီပတ်ဘလစ်ကန် သမ္မတကိုယ်စားလှယ်လောင်းဖြစ်လာရန် သေချာသလောက်ရှိနေသော ဒေါ်နယ်ထရန့်အား မြောက်ကိုရီးယားအစိုးရက   ထောက်ခံအားပေးလိုက်ပြီး ထရန့်မှာ အနာဂတ်ကာလကို ကြိုတင်မှန်းဆနိုင်သော သမ္မတလောင်း ဖြစ်ကြောင်း ချီးကျူးပြောဆိုခဲ့သည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ တစ်ချိန်တည်းတွင်လဲ  ဒီမိုကရက်တစ်ဘက်မှ ဟီလာရီ ကလင်တန်ကိုမူ ပြုံးယမ်းအစိုးရက ဝေဖန်တိုက်ခိုက်သွားကြောင်း သိရသည်။

မြောက်ကိုရီးယားတို့ဘက် နျူကလီးယားလက်နက်ဖြင့် တိုက်ခိုက်လာနိုင်မှုအပေါ် နေ့စဉ်နှင့်အမျှ စိုးရိမ်ပူပန်မှုများဖြင့် နေထိုင်နေရသော အမေရိကန်နိုင်ငံသားများကို လွတ်မြောက်စေနိုင်မည့်သူမှာ   ဒေါ်နယ်ထရန့်သာဖြစ်ကြောင်း မြောက်ကိုရီးယားအစိုးရ အာဘော် ဝက်ဆိုဒ်တစ်ခုတွင် ဖော်ပြထားသည်။

မေလ ၃၁ ရက်နေ့က DPRK Today သတင်းဆိုဒ်မှ ဆောင်းပါးတစ်ပုဒ်တွင် ဒေါ်နယ်ထရန့်မှာ ဉာဏ်အမြော်အမြင်ကြီေးသာ နိုင်ငံရေးသမားတစ်ဦးဖြစ်ကြောင်းနှင့် လာမည့် နိုဝင်ဘာ ၈ ရက် သမ္မတရွေးကောက်ပွဲတွင် နိုင်ငံတွင်းရှိ ဆန္ဒမဲပေးသူများအတွက် ၎င်းမှာ မှန်ကန်သည့် ရွေးချယ်မှုတစ်ရပ်ဖြစ်လာမည်ဖြစ်ကြောင်း ရေးသားထားသည်။

တစ်ချိန်တည်းတွင်မှာပင် မြောက်ကိုရီးယားတို့၏ ယင်းဆောင်းပါး၌ ထရန့်၏ အဓိက ပြိုင်ဘက် ဟီလာရီ ကလင်တန်အားလည်း တုံးအ သူ တစ်ဦးဖြစ်ကြောင်း ရေးသား တိုက်ခိုက်ထားခဲ့သည်။ လက်ရှိ ကိုရီးယားကျွန်းဆွယ်တွင် နျူကလီးယားလက်နက် အရေးကိစ္စကို ဖြေရှင်းရန် မြောက်ကိုရီးယားအပေါ် အီရန် ကဲ့သို့သော အရေးယူပိတ်ဆို့မှု ပုံစံများ ချမှတ်လုပ်ဆောင်ရန် ဟီလာရီ ၏ အဆိုပြုထားချက်အပေါ် ယခုကဲ့သို့ မြောက်ကိုရီးယားဘက်မှ ဝေဖန်ပြစ်တင်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ကာလတွင်းကလဲ မြောက်ကိုရီးယား၏ နျူအစီအစဉ်များ ရပ်ဆိုင်းရေး ခေါင်းဆောင် ကင်ဂျုံအန်းနှင့် တွေ့ဆုံ ဆွေးနွေးလိုကြောင်း ဒေါ်နယ်ထရန့်က ပြောကြားထားခဲ့ဖူးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly