ပြိုင်ဘက်များဖြစ်သည့် ပါကစ္စတန်နှင့် အိန္ဒိယက တရုတ်လုံခြံုရေးအဖွဲ့ကြီးသို့ ၀င်ရောက်ရေး လုပ်ငန်းစဉ်များ စတင်မည်

ပြိုင်ဘက်များဖြစ်သည့် ပါကစ္စတန်နှင့် အိန္ဒိယက တရုတ်လုံခြံုရေးအဖွဲ့ကြီးသို့ ၀င်ရောက်ရေး လုပ်ငန်းစဉ်များ စတင်မည်

ပေကျင်း၊ ဇူလိုင် ၆ ။        ။ နျူကလီယားလက်နက်ပိုင်ဆိုင်သည့် ပြိုင်ဘက်များဖြစ်သော ပါကစ္စတန်နှင့် အိန္ဒိယတို့သည် ယခု သီတင်းပတ်နောက်ပိုင်း ရုရှတွင်ပြုလုပ်မည့် ထိပ်သီးဆွေးနွေးပွဲတစ်ခုတွင် တရုတ်နှင့် ရုရှားတို့ဦးဆောင်သော လုံခြုံရေးအဖွဲ့ကြီး ထဲသို့ဝင်ရောက်ရေး လုပ်ငန်းစဉ်များကို စတင်တော့မည်ဖြစ်သည်ဟု တရုတ်အကြီးတန်းသံတမန်တစ်ဦးက ဇုလိုင် ၆ တွင် ပြော ကြားခဲ့သည်။ ၂၀၀၁ခုနှစ်တွင် တည်ထောင်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် အုပ်စုကို ချဲ့ထွင်လိုက်ခြင်းဖြစ်သည်။

ရှန်ဟိုင်းကော်ပိုရေးရှင်းအဖွဲ့(SCO) တွင် တရုတ်၊ ရုရှားနှင့် ဆိုဗီယက်အုပ်စုဝင်နိုင်ငံဟောင်းများဖြစ်သော တာဂျစ်ကစ္စတန်၊ ဥဇဘက်ကစ္စတန်နှင့် ကာဂျစ္စတန်တို့ပါဝင်ပြီး အိန္ဒိယ၊ ပါကစ္စတန်၊ အီရန်၊ အာဖဂန်နစ္စတန်နှင့် မွန်ဂိုလီးယားတို့မှာ လေ့လာသူ များဖြစ်သည်

"SCO ရဲ့တိုးတက်ဖြစ်ထွန်းမှု သြဇာကျယ်ပြန့်လာနေစဉ်မှာပဲ ဒေသတွင်းက နောက်ထပ်နိုင်ငံတွေဟာ SCOကို ဝင်ဖို့ တင်ပြ လာနေကြပါတယ်"ဟု တရုတ်ဒု-နိုင်ငံခြားရေးဝန်ကြီးချန်ကို့ဖင်က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။

အိန္ဒိယနှင့် ပါကစ္စတန်တို့ SCO သို့ဝင်ရောက်မှုသည် SCO ၏တိုးတက်ဖြစ်ထွင်းမှုတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်နေ သည့်အပြင် ၎င်းတို့၏ နှစ်ဘက်ဆက်ဆံရေးတိုးတက်မှုအတွက် တွန်းအားပေးရာတွင် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်လိမ့်မည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

အိန္ဒိယနှင့် ပါကစ္စတန်တို့သည် ၁၉၄၇ခုနှစ်ကတည်းက စစ်ပွဲသုံးကြိမ်တိုက်ခိုက်ခဲ့ပြီးဖြစ်သည်။ စစ်ပွဲနှစ်ခုမှာ မွတ်စလင်အများ စုရှိရာ ကက်ရှ်မီးယားဒေသပိုင်ဆိုင်မှုနှင့် ပတ်သက်သည်။အိန္ဒိယသည် အရင်းအမြစ်ကြွယ်ဝသော ဘလူချီစတန်ပြည်နယ်ရှိ ခွဲထွက်ရေးဝါဒီများနှင့် ပြည်နယ်ကို တိုက်ခိုက်နေသည့် စစ်သွေးကြွများကို ကူညီထောက်ပံ့နေသည်ဟု ပါကစ္စတန်က ယုံကြည်နေ သည်။

SCO အဖွဲ့ကို မူလက အစွန်းရောက်အစ္စလာမ်၏ ခြိမ်းခြောက်မှုနှင့် အာဖဂန်မှ မူးယစ်မှောင်ခိုမှုကို တိုက်ဖျက်ရန် ဖွဲ့စည်းခဲ့သည်။ တရုတ်သမ္မတရှီကျင်ပင်းတက်ရောက်မည့် ထိပ်သီးဆွေးနွေးပွဲတွင် အာဖဂန်၏ လုံခြုံရေး ကိစ္စလည်းဆွေးနွေးမည်ဟု ချန်က ပြော ကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly