မားစ်ကူးစက်ခံရသူ တစ်ဦးတွေ့ရှိထားဟု ဖိလစ်ပိုင် ကျန်းမာရေး အာဏာပိုင်များ အတည်ပြု

မားစ်ကူးစက်ခံရသူ တစ်ဦးတွေ့ရှိထားဟု ဖိလစ်ပိုင် ကျန်းမာရေး အာဏာပိုင်များ အတည်ပြု

မနီလာ၊ ဇူလိုင် ၆ ။         ။ ဒူဘိုင်းမှရောက်လာသော နိုင်ငံခြားသားတစ်ဦးတွင် မားစ်ကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့ရာ ဖိလစ်ပိုင်တွင် ဒုတိယမြောက်ကူးစက်ခံရသူတစ်ဦးအဖြစ် ဖိလစ်ပိုင်အာဏာပိုင်များက အတည်ပြုခဲ့သည်။

အသက် ၃၆ နှစ်အရွယ်အဆိုပါအမျိုးသားမှာ ဇူလိုင် ၄ ရက်နောက်ပိုင်းကူးစက်ခံထားခြင်းဖြစ်ကြောင်း တွေ့ရှိခဲ့ပြီး မနီလာမြို့တော် အနီး သီးခြားခွဲကာစောင့်ကြည့်နေသည်။ ဖေဖော်ဝါရီလကလည်း ဖိလစ်ပိုင်သူနာပြုတစ်ဦးသည် အရှေ့အလယ်ပိုင်းတွင် အလုပ် လုပ်ရာမှ ပြန်လာပြီးနောက် ဗိုင်းရပ်ကူးစက်ခံထားရကြောင်းတွေ့ရှိခဲ့သည်။ သို့သော်လည်း နောက်ပိုင်းတွင် ၎င်းသူနာပြုမှာ ပြန် လည်ကျန်းမာလာခဲ့သည်။ ကုသရန် ဆေးဝါးမရှိသေးသော မားစ်ရောဂါကြောင့် ကမ္ဘာတစ်ဝန်း လူ ၅၀၀ နီးပါးသေဆုံးခဲ့ပြီးဖြစ် သည်။

တောင်ကိုရီးယားတွင် မေလက စတင်ဖြစ်ပွားခဲ့သော တုပ်ကွေးကဲ့သို့ မားစ်ရောဂါအတွက် အာရှနိုင်ငံများတွင် သတိပေးတပ် လှန့်မှုများ ပြုလုပ်ထားသည်။ တောင်ကိုရီးယားတွင် မားစ်ကြောင့် လူ ၃၃ ဦးသေဆုံးခဲ့ပြီးဖြစ်သည်။ တောင်ကိုရီးယားတွင် မားစ် ကူးစက်ခံရသူ ၁၈၆ဦးအထိရှိပြီး ၉၀၇ ဦးကို ရောဂါခြေချုပ်ဖြင့် စောင့်ကြည့်နေရကြောင်း ယွန်ဟပ်သတင်းအေဂျင်စီက ဖော်ပြထား သည်။

တရုတ်၊ မလေးရှားနှင့် ထိုင်းတို့တွင်လည်း ရောဂါကူးစက်မှုရှိကြောင်း အတည်ပြုထားသည်။ လွန်ခဲ့သည့် သီတင်းပတ်က ထိုင်းတွင်တွေ့ရှိခဲ့သေ ကူးစက်ခံရသူတစ်ဦး ယခုအခါအပြည့်အဝကျန်းမာလာပြီဟု သိရသည်။

ကူးစက်ခံရသော အမျိုးသားကို မြို့တော်မနီလာ၏ တောင်ဘက် ကီလိုမီတာ ၃၀ခန့်အကွာ မန်တင်လူပါမြို့ရှိ အပူးပိုင်းဆေးပညာ သုတေသနဋ္ဌာနတွင် သီခြားခွဲထားကာ စောင့်ကြည့်လျက်ရှိကြောင်း ရုပ်သံဖြင့် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဖိလစ်ပိုင် ကျန်းမာရေးအရာရှိများက ပြောကြာားခဲ့သည်။

ကကူးစက်ခံရသူသည် ဆော်ဒီတွင် တစ်ထောက်နားပြီး ဒူဘိုင်းမှ မနီလာသို့ လေယာဉ်ဖြင့် ရောက်လာခဲ့သူဖြစ်သည်။

ယင်းကူးစက်ခံရသူ ရောက်ရှိသည့် နေ့စွဲနှင့် မည်သည့်နိုင်ငံသားဖြစ်သည်တို့ကိုမူ အရာရှိများက မပြောကြားခဲ့ပေ။သို့သော်လည်း ၎င်းမှာ အရှေ့အလယ်ပိုင်းမှ ဖြစ်သည်ဟု ဂျီအမ်အေသတင်းဋ္ဌာနက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly