ရာသီဥတု ပြင်းထန်လွန်းခြင်းကြောင့် ကောက်ပဲသီးနှံများတွင် အဆိပ်အတောက်ပါ၀င်မှုနှုန်း မြင့်တက်လာနေဟု သိပ္မံပညာရှင်များ သတိပေး

ရာသီဥတု ပြင်းထန်လွန်းခြင်းကြောင့် ကောက်ပဲသီးနှံများတွင် အဆိပ်အတောက်ပါ၀င်မှုနှုန်း မြင့်တက်လာနေဟု သိပ္မံပညာရှင်များ သတိပေး

နိုင်ရိုဘီ၊ မေ ၃၁ ။             ။ ကမ္ဘာ့ ရာသီဥတု အခြေအနေ ယခင်ကထက် ပိုမို ပြင်းထန်လွန်းလာနေခြင်းကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် ကြိုးပမ်းနေရချိန်တွင် မြောက်များစွာသော စားသောက်ကုန် ကောက်ပဲ သီးနှံများတွင် လူတို့ကို ထိခိုက်စေနိုင်သော ဓါတု ဓါတ်ပေါင်းများ ပိုမို ပါဝင်လာနေလျက်ရှိကြောင်း သိပ္မံပညာရှင်များက သတိပေးပြောကြားလိုက်သည်။

ကုလသမဂ္ဂ သဘာဝပတ်ဝန်းကျင် အစီအစဉ် က ထုတ်ပြန်ခဲ့သော အစီရင်ခံစာတစ်ရအရ ကမ္ဘာတစ်ဝန်း စိုက်ပျိုးနေကြသော ဂျုံ၊ ပြောင်း အစရှိသည့် သီးနှံများသည် ပူးပြင်းလွန်းလှသည့် ရာသီဥတု ဒဏ်ကြောင့် အဆိပ်အတောက်ပိုမိုဖြစ်စေနိုင်သည့် ဓါတ်များကို စုပ်ယူပေါက်ပွားနေလျက်ရှိသည်ဟု သိရသည်။

အကယ်၍ ယင်း သီးနှံများကို လူနှင့် တိရိစ္ဆာန်တို့က ကာလကြာ စွဲမြဲ စားသုံးသွားမည်ဆိုပါက ပါဝင်သော ဓါတုဓါတ်ပေါင်းများက စားသုံးသူများ၏ ကျန်းမာရေးအပေါ် ဆိုးကျိုးဖြစ်စေနိုင်ကြောင်း ယင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

" လူတွေ စိတ်ဖိစီးမှုအခြေအနေတွေနဲ့ ကြုံတွေ့ရတဲ့အခါမှာ လုပ်မိကြသလိုပဲ သီးနှံတွေကလည်း ရာသီဥတု ပူးပြင်းလွန်းလို့ မိုးခေါင်ရေရှားဖြစ်တဲ့အခြေအနေတွေကို ကြုံသလို တုန့်ပြန် ရှင်သန်ဖို့ ကြိုးပမ်းကြပါတယ်" ဟု သိပ္မံပညာရှင် ဂျက်ကွီလင် မက်ဂလိတ်က ရှင်းပြသည်။

ပုံမှန် ရာသီဥတု အခြေအနေများအောက်တွင် ရှင်သန်ကြီးထွားရသော သီးနှံပင်များမှာ ယင်းတို့စုပ်ယူရရှိသည့် နိုက်ထရိတ်ဓါတ်များကို အာဟာရဖြစ်စေသော အမီနိုအက်စစ် နှင့် ပရိုတိန်းဓါတ်များအဖြစ် ပြောင်းလဲပေးတတ်သော်လည်း ပူပြင်းလွန်း၍ ကာလကြာ မိုးခေါင်ရေရှားမှုများ ကြုံတွေ့ရချိန်တွင် သီးနှံများမှာ လူ့ကျန်းမာရေးအတွက် ပြဿနာဖြစ်စေနိုင်သော နိုက်ထရိတ်များကိုသာ လည်ပတ်ပေါက်ပွားစေသည်ဟု သိရသည်။

လက်ရှိအချိန်တွင် ရာသီဥတု ပြင်းထန်းလွန်း၍ ကျန်းမာရေးအတွက် ဆိုးကျိုးဖြစ်စေနိုင်သော ဓါတ်များဖြင့် လည်ပတ်ပေါက်ပွားစေနိုင်သော သီးနှံများမှာ ပြောင်း၊ ဂျုံ၊ မုယောစပါး၊ ပဲပိစပ်၊ ကောက်နံှ နှင့် တရုတ်ကြံ အမျိုးအစားဖြစ်နေသည်ဟု ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly