စင်ကာပူ ယှဉ်ပြိုင်စွမ်းရည် မြင့်မားနေစေရန် တီထွင်ဆန်းသစ်မှုအတွက် ဂေဟစနစ် တစ်ရပ်လိုအပ်ဟုဆို

စင်ကာပူ ယှဉ်ပြိုင်စွမ်းရည် မြင့်မားနေစေရန် တီထွင်ဆန်းသစ်မှုအတွက် ဂေဟစနစ် တစ်ရပ်လိုအပ်ဟုဆို

စင်ကာပူ၊ ဇူလိုင်-၆ ။       ။ စင်ကာပူစီးပွားရေးကို နောက်လာမည့် နှစ်ပေါင်း၅၀တွင် ယှဉ်ပြိုင်စွမ်းရည် ဆက်လက်မြင့်မားနေစေ ရန်အတွက်ဆန်းသစ်တီထွင်မှုအတွက် ဂေဟစနစ်တစ်ရပ်ကိုဖန်တီးပြီး၊ ကုမ္ပဏီကြီးငယ်များကို စုစည်းရမည်ဟု စင်ကာပူငွေကြေး အာဏာပိုင်အဖွဲ့ (Monetary Authority of Singapore-MAS) ၏ စီမံအုပ်ချုပ်မှုဒါရိုက်တာ ရာဗီ မီနွန်က ပြောကြားခဲ့သည်။

ပေါ်လစီလေ့လာရေး အင်စတီကျုနှင့် လီကွမ်ယူ လူထုပေါ်လစီကျောင်းတို့က စီစဉ်ကျင်းပသည့် SG50+ညီလာခံတွင် ရာဗီ မီနွန် က ယခုကဲ့သို့ ပြောကြားလိုက်ခြင်းပင်ဖြစ်သည်။

သုတေသနတွေမှာ အကြိမ်ကြိမ်မှတ်တမ်းတင်မှုအရ ဆန်းသစ်တီထွင်မှုအများစုဟာ အသေးစားလုပ်ငန်း ကလေးတွေမှာ ဖြစ်ပေါ် လာတာပါ။ ဒါပေမယ့်လည် သူတို့မှာ ဒီတီထွင်ဆန်းသစ်မှုတွေကို စီးပွားဖြစ်လုပ်နိုင်လောက်အောင် အရွယ်အစားလည်းမကြီး သလို ဈေးကွက်လည်း မရှိကြဘူး။ နောက်တော့ သူတို့က အဆက်အသွယ်ရှာပြီး လုပ်ငန်းကြီးတွေကတစ်ဆင့် လုပ်လာတော့ သူတို့ကိုယ်တိုင်လည်း ကြီးထွားလာကြတယ်။ အများပိုင်ကုမ္ပဏီတွေဖြစ်လာကြတယ်။

သူတို့ခြေထောက်ပေါ်သူတို့ ရပ်တည်လာနိုင်ကြတယ်။ ဒါသည်ပင် ကျွန်တော်တို့ စင်ကာပူမှာ ဖန်တီးဖို့လိုအပ်နေတဲ့ ဂေဟစနစ် ပါပဲ''ဟု မစ္စတာ မီနွန်က ပြောကြားခဲ့သည်။

ဒေသတစ်လွှားမှာဖြစ်ပေါ်နေတဲ့ စီးပွားရေးဖွံ့ဖြိုးမှုနဲ့ ပေါင်းစည်းမှုတွေကြောင့်လည်း စင်ကာပူစီးပွားရေးဟာ ၎င်းရဲ့ လုပ်ငန်းတွေ ကိုနိုင်ငံတကာဖြန့်ကျက်ဖို့ မဟာအခွင့်အလမ်းတွေရရှိလာမည်ဟုလည်း မစ္စတာမီနွန်က ပြောကြားပါတယ်။

ထို့အပြင် လူသားအရင်းမြစ်နှင့် ယှဉ်တွဲအလုပ်လုပ်ခြင်းအားဖြင့် နည်းပညာက ရေရှည်ဖွံ့ဖြိုးမှုကို ကျားကန်ပေးနိုင်မည်ဖြစ်ပြီး၊ စင်ကာပူ ကြီးထားလာသည်နှင့်အမျှ တန်းတူညီမျှမှုအတွက် ပိုမို အာမခံချက်ရှိလာမည်ဖြစ်သည်ဟုလည်း မစ္စတာ မီနွန်က ထပ်လောင်းပြောကြားသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly