အီရတ်တွင် ဗုံးပေါက်ကွဲမှုများ ထပ်မံဖြစ်ပွားခဲ့ပြီး လူ ၂၀ ကျော် သေဆုံး၊ ၅၀ ကျော် ဒဏ်ရာရ

အီရတ်တွင် ဗုံးပေါက်ကွဲမှုများ ထပ်မံဖြစ်ပွားခဲ့ပြီး လူ ၂၀ ကျော် သေဆုံး၊ ၅၀ ကျော် ဒဏ်ရာရ

မေ ၃၀ ။             ။ အသေခံဗုံးခွဲတိုက်ခိုက်မှုများ မကြာခဏ ဖြစ်ပွားနေခဲ့သော အီရတ်နိုင်ငံ ဘဂ္ဂဒက်တွင် မေလ ၃၀ ရက်ကလည်း ဗုံးပေါက်ကွဲမှု သုံးခုအထိ ဖြစ်ပွားခဲ့ရာ လူ ၂၀ ကျော်သေဆုံးပြီး လူပေါင်း ၅၀ ထက် မနည်းထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ရဲများနှင့် ဆေးဘက်ဝန်ထမ်းများက ပြောသည်။

ယင်းနိုင်ငံတွင် ဘဂ္ဂဒက်မြို့အနောက်ပိုင်းဖလူဂျာမြို့တွင် အခြေစိုက်နေသော အိုင်အက်စ်တို့နှင့် အီရတ်တပ်ဖွဲ့နှင့် ရှီအိုက် ပြည်သူ့စစ်အဖွဲ့ဝင်များအကြား အပြင်းအထန် တိုက်ခိုက်နေခဲ့ချိန်တွင် ယခုကဲ့သို့ ဗုံးခွဲတိုက်ခိုက်မှုများ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။

ဘဂ္ဂဒက်မြို့ မြောက်ပိုင်း ဒေသတွင် ဖြစ်ပွားခဲ့သော ကားဗုံးကွဲမှုတစ်ခုကြောင့် ၁၂ ဦးသေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရရှိခဲ့သည်။ အလားတူ ဆွန်နီတို့ အများစုနေထိုင်သော Tarmiya တွင်လည်းနောက်ထပ် ကားဗုံးပေါက်ကွဲမှုကြောင့် ခုနှစ် ဦးသေဆုံးကာ ၁၉ ဦး ဒဏ်ရာရရှိခဲ့သည်။

ယင်းနေ့တစ်နေ့တည်းမှာပင် ရှီအိုက်တို့နေထိုင်ရာ Sadr မြို့တွင်လည်း မော်တော်ဆိုင်ကယ်တွင် ဖောက်ခွဲရေးပစ္စည်း တပ်ဆင်ဖေါက်ကွဲမှုကြောင့် နှစ်ဦးသေဆုံးပြီး ခုနှစ်ဦးဒဏ်ရာရရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly