ဂေါ်ရီလာ မျောက်ဝံများထားရာ ၀င်းအတွင်းသို့ ပြုတ်ကျသွားခဲ့သော ကလေးငယ်အား ကယ်တင်ရန် မျောက်ဝံကို ပစ်သတ်

ဂေါ်ရီလာ မျောက်ဝံများထားရာ ၀င်းအတွင်းသို့ ပြုတ်ကျသွားခဲ့သော ကလေးငယ်အား ကယ်တင်ရန် မျောက်ဝံကို ပစ်သတ်

မေ ၃၀ ။               ။ အမေရိကန် နိုင်ငံ အိုဟိုင်းယိုးပြည်နယ် တိရိစ္တာန်ရုံတစ်ခုရှိ ဂေါ်ရီယာ မျောက်ဝံများ ထားရာ ခြံဝင်းတစ်ခုတွင်းသို့ လေးနှစ်သားအရွယ် ကလေးငယ်တစ်ဦး ပြတ်ကျသွားခဲ့ပြီးနောက် ကလေးငယ်နားကပ်လာပြီး ဆွဲယူတို့ထိနေခဲ့သော မျောက်ဝံတစ်ကောင်ကို လုံခြုံရေးများက ပစ်သတ်ခဲ့သည်။  

စင်စင်နာတီ တိရိစ္ဆာန်ရုံ၌ ဖြစ်ပွားခဲ့သော ယင်းဖြစ်စဉ်တွင် ကလေးငယ်၏ မိဘများ ပေါ့လျော့မှုကြောင့် ယခုကဲ့သို့ မျောက်ဝံ တစ်ကောင် အချောင်သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း နောက်ပိုင်းတွင် လူအများ က ဝေဖန်ပြစ်တင်ပြောကြားခဲ့ကြသည်။

တိရိစ္ဆာန်ရုံ တာဝန်ရှိသူများက ယခုကိစ္စတွင် မလွဲမရှောင်သာ၍ မျောက်ဝံကို ပစ်သတ်လိုက်ရခြင်းဖြစ်ကြောင်း၊ ကလေးအသက်အန္တရာယ်စိုးရိမ်ရ၍ ဖြစ်ကြောင်း ချေပပြောဆိုထားခဲ့သည်။

စနေနေ့က ဖြစ်ပွားခဲ့သော ယင်းဖြစ်စဉ်တွင် ခြံဝင်းထဲသို့ ကျလာသော ကလေးငယ်အနီးသို့ ချဉ်းကပ်သွားပြီး တို့ထိ ဆွဲယူလှည့်ပတ်နေသော ပေါင်ချိန် ၄၀၀ ရှိ ဂေါ်ရီလာမျောက်ဝံ ပစ်သတ်ခံရပြီးနောက်တစ်နေ့တွင် လူပေါင်း ၂,၀၀၀ ကျော်က ယခုဖြစ်စဉ်တွင် ကလေးငယ်၏ မိဘများတွင်သာ အဓိကတာဝန်ရှိကြောင်း လက်မှတ်ထိုးကန့်ကွက်ခဲ့ကြသည်။

ယခုဖြစ်စဉ်တွင် ကလေးငယ်၏မိဘများမှာ တစ်စုံတစ်ရာ အရေးယူခြင်းမခံရခဲ့ဟုလည်း သိရသည်။

ယခုအခါ နိုင်ငံတွင် အဆိုပါ ကိစ္စအပေါ် အွန်လိုင်း အသုံးပြုသူများကလည်း ဝေဖန်ရေးသားနေကြပြီး ကလေး၏ မိဘမျာ တာဝန်ခံပေးရေးတောင်းဆိုနေကြသည်။

"မျောက်ဝံကြီးက ဘာအမှားမှ မလုပ်ပဲနဲ့ အသတ်ခံလိုက်ရတာ က လက်ခံနိုင်စရာကိုမရှိပါဘူး၊ ၁၇ နှစ်သားရှိနေတဲ့ Harambe လို့ ခေါ်တဲ့ မျောက်ဝံကြီးကတော့ ခုဆိုရင်သေသွားပါပြီ၊ ကလေးကလည်း ဆေးရုံကို ရောက်နေပါပြီ၊ ဒါပေမယ့်လည်း တကယ်တမ်းဆိုရင် ဒီအနောက်ဘက် မြေနိမ့်ဒေသက မျောက်ဝံတွေက ယဉ်တဲ့စရိုက်ရှိပါတယ်၊ သူတို့ကို နာအောင်မလုပ်ရင် ဘယ်တော့မှ သူတို့ကစပြီး မတိုက်ခိုက်တတ်ပါဘူး" ဟု ဝေဖန်သူတစ်ဦးက ရေးသားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly