အစာအိမ်နှင့် အူလမ်းကြောင်းရောင်၍ ဦးမင်းကိုနိုင် ဆေးကုသမှုခံနေရ

အစာအိမ်နှင့် အူလမ်းကြောင်းရောင်၍ ဦးမင်းကိုနိုင် ဆေးကုသမှုခံနေရ
(ဓာတ်ပုံ- Thein Htein)

ရန်ကုန်၊ မေ ၂၉။               ။ ၈၈အဖွဲ့ခေါင်းဆောင် ဦးမင်းကိုနိုင်သည် အစာအိမ်နှင့် အူလမ်းကြောင်းရောင်သော ဝေဒနာကြောင့် ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ဆေးကုသမှုခံယူနေရသည်။

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့က ဒေါက်တာစင်သီယာမောင်၏ မယ်တော်ဆေးခန်းဖွင့်ကိုသွားရင်း မေ ၂၈ရက် နေ့လည်က ရုတ်တရက် ဗိုက်အောင့်လာခဲ့သဖြင့် မြဝတီတွင် ဆေးကုသမှု ခံယူနေရကြောင်း အတူလိုက်ပါသွားသူ ကိုသိန်းထိန်က မဇ္ဈိမကိုပြောသည်။

အစာအိမ်နှင့်အူလမ်းကြောင်း ရောင်နေသောကြောင့် ပိုးသတ်ဆေးထိုးထားရပြီး ဆေးပုလင်းများချိတ်ထားရသည်ဟု သူက ပြောသည်။

အူအတက်ရောင်ပါက လိုအပ်လျှင် ခွဲစိတ်ကုသရမည် ဖြစ်ပြီး စောင့်ကြည့်ရန်လိုပြီး ခွဲစိတ်ရန် မလိုသည့်တိုင် အနားယူရန် ဆရာဝန်ကြီးက ညွှန်ကြားထားကြောင်းသိရသည်။

ရန်ကုန်မြို့ရှိ ၈၈မျိုးဆက်(ငြိမ်း/ပွင့်) မှ ကိုမာကီကိုဖုန်းဆက်မေးမြန်းရာတွင် "အရင်ကလည်း ခရီးပန်းရင်ဖြစ်နေကျပါပဲ၊ အခုလည်းခရီးတွေက ဆက်တိုက်သွားနေရတာဆိုတော့ အဲ့ဒါကြောင့်ဖြစ်တယ်ပဲ ထင်ပါတယ်"ဟု ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly