ယူကရိန်းတွင် ဘိုးဘွားရိပ်သာမီးလောင်၍ ၁၇ ဦးသေဆုံး

ယူကရိန်းတွင် ဘိုးဘွားရိပ်သာမီးလောင်၍ ၁၇ ဦးသေဆုံး

ကိဗ်၊ မေ ၂၉ ။              ။ ယူကရိန်းနိုင်ငံ ကိဗ်မြို့တော်အနီး ကျေးရွက်တစ်ရွာရှိ ဘိုးဘွားရိပ်သာဂေဟာအဆောက်အအုံမီးလောင်၍ လူပေါင်း ၁၇ ဦးသေဆုံးသည်။

မီးက မေ ၂၉ ရက် အစောပိုင်းအချိန်၌ လူပေါင်း ၃၅ ဦးခန့် နေထိုင်ရှိနေသည့် နှစ်ထပ်အဆောက်အအုံဘိုးဘွားရိပ်သာမတွင် လောင်ကျွမ်းခြင်းဖြစ်သည်။

"အရေးပေါ်ဌာနက ၁၈ ဦးကို ကယ်နိုင်ပါတယ်။ ငါးဦးကတော့ မီးလောင်ကျွမ်းဒဏ်ရာတွေကြောင့် ဆေးရုံမှာ ကုသမှုပေးနေရတယ်။"ဟု ယူကရိန်းအရေးပေါ်ဝန်ကြီးဌာနက ပြောသည်။

မီးလောင်ရသည့် အကြောင်းရင်းကို အာဏာပိုင်များက စုံစမ်းစစ်ဆေးလျက်ရှိသည်။

ဝန်ကြီးချုပ် ဗလာဒီမာဂရိုအစ်မန်းက "တကယ့်ကို ဝမ်းနည်းစရာကောင်းသည့် မီးလောင်မှုဖြစ်ပြီး ကျန်ရစ်သူမိသားစုများအတွက် စိတ်မကောင်းပါကြောင်း"ပြောကြားသည်ဟု ယူကရိန်းမီဒီယာတွင် ထုတ်လွှင့်သွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly