ကယန်း အမျိုးသားပါတီက ကယန်းလူမျိုး အများဆုံးရှိ သည့်နေရာများတွင် ရွေးကောက်ပွဲဝင်မည်

ကယန်း အမျိုးသားပါတီက ကယန်းလူမျိုး အများဆုံးရှိ သည့်နေရာများတွင် ရွေးကောက်ပွဲဝင်မည်

ရန်ကုန်၊ဇူလိုင် ။   ။ ကယန်းလူမျိုးများ အများဆုံးနေထိုင်သည့် နေရာများကို အဓိကထား၍ ၂၀၁၅ ခုနှစ် အထွေထွေရွေး ကောက်ပွဲ တွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဟု  ကယန်းအမျိုးသားပါတီ အထွေထွေ အတွင်းရေးမှူး ဦးနန်းရီက မဇ္ဈိမကို ပြောသည်။

ကယန်း အမျိုးသားပါတီ အနေဖြင့် ရွေးကောက်ပွဲတွင် အနည်းဆုံး နေရာ  ရှစ် နေရာ ဝင်ရောက် ယှဉ်ပြိုင် မည်ဖြစ်ပြီး နိုင်ငံရေး စိတ်ပါဝင်စားသူ ပြည်နယ်လူထုအတွက် အလုပ်အကျွေး ပြုမည့်သူ၊ လွှတ်တော် အတွေ့အကြုံရှိပြီး သူများကို ကိုယ်စားလှယ် အဖြစ် ရွေးချယ်သွားမည်ဟုလည်း ၎င်းက ဆိုသည်။

ဦးနန်းရီက “ ကယန်းလူမျိုးတွေကို အခြေခံပြီး ဖွဲ့စည်းထားတဲ့ပါတီ ဆိုတော့ ကယန်းလူမျိုးတွေအများစုရှိတဲ့ မဲဆန္ဒနယ်တွေကိုပဲ ဦးစားပေးဝင်မှာပေါ့။ ကယားပြည်နယ်ထဲမှာတော့ မဟာမိတ်ဖွဲ့ထားတဲ့ ပါတီတွေ ရှိတော့  သူတို့နဲ့ညှိုနှိုင်းရဦးမှာပါ”ဟုပြောသည်။

ကယန်းလူမျိုးစု အများဆုံးနေထိုင်သည့်ဒေသများဖြစ်သည့် ကယားပြည်နယ် လွိုင်ကော်မြို့နယ်၊ဒီမောဆိုး မြို့နယ်၊ မယ်စပ်မြို့နယ်၊ ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ်၊ ကရင်ပြည်နယ် တောင်သာမြို့နယ် တို့တွင် ဝင်ရောက်ယှဉ်ပြိုင် သွားမည်ဟုလည်း ၎င်းကဆိုသည်။

ရွေးကောက်ပွဲနှင့်ပတ်သက်၍  ပါတီအနေဖြင့် ပြင်ဆင်ထားသည့် အကြောင်းအရာ သတင်းအချက်အလက် များကိုလည်း ဇူလိုင်လကုန်တွင် ထုတ်ပြန်ကြေညာမည်ဖြစ်သည်ဟုလည်း ကယန်း အမျိုးသား ပါတီကသိရသည်။

ကယန်းအမျိုးသားပါတီသည့် ၂၀၁၀ ခုနှစ် ဧပြီလ ၂၆ ရက်က ပါတီတည်ထောင်ခွင့်လျှောက်ထားခဲ့ပြီး ၂၀၁၀ မေလ ၂၀ ရက်က ပါတီ မှတ်ပုံတင်ရရှိခဲ့သည်။  ကယန်းအမျိုးသားပါတီသည် ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ်တွင် ရုံးချုပ်တည်ရှိသည်။

ကယန်းအမျိုးသားပါတီ၏ ရည်ရွယ်ချက်  မှာ ပြည်ထောင်စုတည်တံ့ခိုင်မြဲရေးအတွက် ပြည်ထောင်စုစိတ်ဓါတ်ကို ခိုင်မာစွာ တည်ဆောက်ရန် ၊ တိုင်းရင်းသား စည်းလုံညီညွတ်ရေး အတွက် တိုင်းရင်းသား အချင်းချင်း ယုံကြည်မှု ခိုင်မြဲစွာ တည်ဆောက်ရန် အစရှိသည်တို့ဖြစ်သည်။

ကယန်းအမျိုးသားပါတီသည် ကယားပြည်နယ် ဒေသခံ နိုင်ငံရေးပါတီများဖြစ်သည့် လူမျိုးပေါင်းစုံ ဒီမိုကရေစီပါတီ (ကယားပြည်နယ်) ကယားလူမျိုးစု ဒီမိုကရေစီ ပါတီ တို့ဖြင့် မဟာမိတ်အဖြစ် ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်က  ပူးပေါင်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly