ရထားလမ်းအတွက် မြေအသိမ်းဆည်းခံတောင်သူများ‬ လျော်ကြေးတောင်းရန် အစည်းအဝေးလုပ်

ရထားလမ်းအတွက် မြေအသိမ်းဆည်းခံတောင်သူများ‬ လျော်ကြေးတောင်းရန် အစည်းအဝေးလုပ်

မကွေး၊ မေ ၂၉ ။                ။ ၂၀၀၆-၂၀၀၇ ခုနှစ်ဝန်းကျင် သရက်-ပွင့်ဖြူ မီးရထားလမ်းဖောက် လုပ်စဉ်က အသိမ်းဆည်းခံခဲ့ရသော မြေယာ လျော်ကြေးများ တောင်းဆိုရန် မေလ(၂၇) ရက်က အသိမ်းဆည်းခံတောင်သူများ တောင်သူများက မင်းဘူး(စကု)မြို့နယ်၊ မကျီးသုံးပင်ကျေးရွာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် အစည်းအဝေးကျင်းပခဲ့သည်။

ရထားလမ်းဖောက်လုပ်စဉ်က ညောင်ပင်သာ၊ ချောင်းကောက်၊ ပက်ပယ်၊ ရေငံ၊ ရေပေါ်၊ ဆင်လမ်းကြီးနှင့် ကျေးရွာအတော်များမအပါအဝင် မကျီးသုံးပင်ကျေးရွာတွင်လည်း တောင်သူ(၂၂)ဦး၏ ယာမြေဧက (၈၀)ဝန်းကျင် အသိမ်းဆည်းခံခဲ့ရသည်။

ယခင် ဦးသိန်းစိန်အစိုးရလက်ထက်ကတည်းက ယာမြေလျော်ကြေးရရှိရန် ကြိုးစားဆောင်ရွက်ခဲ့သော်လည်း ယနေ့အချိန်ထိ ဆောင်ရွက်ပေးခြင်း မရှိသေးကြောင်း၊ ယခုအစိုးရသစ်လက်ထက်တွင် မြေယာလျော်ကြေးများရရှိရန် မျှော်လင့်နေကြောင်း၊ တောင်သူများ၏ အသိမ်းဆည်းခံယာမြေစာရင်းများကို အသေးစိတ်စာရင်းပြုစု၍ မကွေးတိုင်းလွှတ်တော် အပါအဝင် သက်ဆိုင်ရာဋ္ဌာနအသီးသီးသို့ တင်ပြ တောင်းဆိုသွားမည်ဖြစ်ကြောင်း မကျီးသုံးပင်ကျေး ရွာ NLD ဥက္ကဋ္ဌ ဦးဌေးဝင်းက မဇ္ဈိမသို့ ပြောပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly