ဖလူဂျာမြို့မှ အိုင်အက်စ်များကို တိုက်ထုတ်ရာ၌ အီရတ်တပ်များ စစ်ရေးသာ

ဖလူဂျာမြို့မှ အိုင်အက်စ်များကို တိုက်ထုတ်ရာ၌ အီရတ်တပ်များ စစ်ရေးသာ

ဘဂ္ဂဒက်၊ မေ ၂၉ ။        ။ အိုင်အက်စ်အဖွဲ့ကျရောက်နေသည့် အီရတ်နိုင်ငံမှ အဓိကမြို့နှစ်မြို့အနက် ဖလူဂျာမြို့က အိုင်အက်စ်များကို တိုက်ထုတ်ရာတွင် အီရတ်အစိုးရအဖွဲ့များ စစ်ရေးသာလျက်ရှိနေသည်။

အိုင်အက်စ်၏ ရှေ့တန်းခံစစ်အဖြစ် ထားရာ အနီးက ကာမာမြို့အား လက်ရှိတွင် အီရတ်တပ်ဖွဲ့များ ပြန်သိမ်းထားနိုင်ပြီဖြစ်ကြောင်း ဘီဘီစီသတင်းထောက်က ပြောသည်။

ဘဂ္ဂဒက်မြို့တော်မှ ၂၈ မိုင်အကွာတွင်ရှိသည့် ယင်းဖလူဂျာမြို့တစ်ဝိုက် အထူးတိုက်ခိုက်ရေးတပ်များ ဝိုင်းထားပြီးလည်းဖြစ်သည်။

သို့သော် မြို့မြောက်ပိုင်းတွင် အိုင်အက်စ်များ၏ ပြန်လည်တိုက်ခိုက်ခြင်းကို ခံရကာ အသေခံဗုံးဖောက်ခွဲမှုတစ်ရပ်၌ အီရတ်တပ်ဖွဲ့ဝင်တစ်ချို့ သေဆုံးသည်။

မြို့တောင်ပိုင်းတွင် အီရတ်တပ်များက ရဟတ်ယာဉ်များဖြင့် တန်ပြန်တိုက်ခိုက်မှုများ ဆင်နွဲကြောင်း သတင်းတွင် ဖော်ပြသည်။

အမေရိကန်ဦးဆောင်သည့် ညွန့်ပေါင်းတပ်များ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ဖလူဂျာရှိ အိုင်အက်စ်တပ်မှူး ဘီလာဝီနှင့် အဖွဲ့ဝင် ဒါဇင်ချီ သုတ်သင်ခံရပြီးနောက် ယခုကဲ့သို့ စစ်ရေးအသားစီးရလာနေခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly