ဂျပန်အခြေစိုက် Casio က ၂၀၁၆ ခုနှစ်တွင် စမတ်နာရီ ထုတ်လုပ်ရန်ပြင်ဆင်နေ

ဂျပန်အခြေစိုက် Casio က ၂၀၁၆ ခုနှစ်တွင် စမတ်နာရီ ထုတ်လုပ်ရန်ပြင်ဆင်နေ

T3 ။ လန်ဒန် ။    ။ ဂျပန်အခြေစိုက် နာရီထုတ်လုပ်သည့် Casio ကုမ္ပဏီက ၂၀၁၆ ခုနှစ်အတွင်း စမတ်နာရီတစ်လုံးကို ထုတ်လုပ် သွားမည်ဟု T3 သတင်းဌာနက ဖော်ပြထားသည်။

ယင်းစမတ်နာရီကို ၂၀၁၆ မတ်လအတွင်း မိတ်ဆက်ဖွယ်ရှိသည်ဟုလည်း T3 က ခန့်မှန်း ဖော်ပြထားသည်။

စမတ်နာရီဈေးကွက်အတွင်း ဝင်ရောက်ယှဉ်ပြိုင်ရန် Casio အနေဖြင့် စမတ်နာရီတစ်လုံး ထုတ်လုပ် သွားမည် ဟုလည်း Wall Street Journal သတင်းက ဖော်ပြထားသည်။

Casio စမတ်နာရီ၏ အသေးစိတ်အချက်အလက်များကို မသိရသေးသော်လည်း ဈေးနှုန်းအနေဖြင့် အမေရိကန် ဒေါ်လာ ၄၀၀ ခန့် ရှိမည်ဟု သတင်းများက ခန့်မှန်းထားကြသည်။

၂၀၁၅ ခုနှစ် အစပိုင်းတွင် စမတ်နာရီဈေးကွက်အတွင်း Apple က စမတ်နာရီသစ်တစ်လုံး မိတ်ဆက်ထားပြီး ၂၀၁၅ ခုနှစ်အတွင်း နည်းပညာဈေးကွက်အတွင်း စမတ်နာရီထုတ်လုပ်မှုတွင် ယှဉ်ပြိုင်မှုများ ပိုမိုအားကောင်း လာလိမ့်မည်ဟု သတင်းများက သုံးသပ်ဖော်ပြထားကြသည်။

ဂျပန်အခြေစိုက်နည်းပညာကုမ္ပဏီ ဆိုနီကလည်း စမတ်နာရီသစ်တစ်လုံးထုတ်လုပ်ရန် ပြင်ဆင် နေသည်။

၂၀၁၅ ခုနှစ်အစောပိုင်းသတင်းများအရ တောင်ကိုရီးယားအခြေစိုက် ဆမ်ဆောင်းက ဧပြီ ၂၃ ရက်တွင် စမတ်နာရီသစ်တစ်လုံးကို ၎င်းတို့၏ ခုနှစ်ခုမြောက် စမတ်နာရီ ထုတ်ကုန်အ ဖြစ်ထုတ်လုပ်မည်ဟု ပြောဆိုခဲ့ သည်။ စမတ်နာရီသစ်ကို ရိုးရှင်းသည့် အသွင် အပြင်နှင့် ထုတ်လုပ်မည်ဟုလည်း ဆမ်ဆောင်းက ပြောဆိုထား သည်။ သို့သော်လည်း ဆမ်ဆောင်းတို့က စမတ်နာရီ သစ်ထုတ် လုပ်မည့် အချိန်ကို ၂၀၁၅ စက်တင်ဘာလ အထိ ရွှေ့ဆိုင်းထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly