Socio-Economic Development in Myanmar မူဝါဒဆိုင်ရာ ဆွေးနွေးပွဲမှ ကောက်နှုတ်ချက်အချို့

Socio-Economic Development in Myanmar မူဝါဒဆိုင်ရာ ဆွေးနွေးပွဲမှ ကောက်နှုတ်ချက်အချို့

ဦးဇော်ဖေဝင်း

မြန်မာနိုင်ငံရဲ့ အခက်အခဲက ယုံကြည်စိတ်ချရသော ကိန်းဂဏန်းများ မရရှိနိုင်ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှာ ငွေကြေးဖောင်းပွဲမှုဟာ တစ်နှစ်ထက် တစ်နှစ်တက်လာကြောင်းနဲ့ ဒီငွေကြေးဖောင်းပွမှုကြောင့် အခြေခံလူတန်းစားတွေက အလူးအလဲခံစားနေရကြောင်း အားမာန် Economic Institute ရဲ့ ဥက္ကဋ္ဌ ဦးဇော်ဖေဝင်းက Socio-Economic Development in Myanmar ဆွေးနွေးပွဲမှာ ပြောပါတယ်။

ငွေကြေးဖောင်းပွမှုက ၂၀၁၁-၁၂ မှာ ၂.၈ % မြင့်တက်ခဲ့ပြီး ၂၀၁၅-၁၆ ဘဏ္ဍရေးနှစ်မှာဆိုရင် ၂၀၁၄-၁၅ ထက်စာရင် ၁၄.၆ % ငွေဖောင်းပွလိမ့်မယ်လို့ ဖော်ပြထားကြောင်း ၎င်းက ပြောပါတယ်။
"ငွေဖောင်းပွမှုကြောင့် လူချမ်းသာတွေအတွက် သိပ်မထိခိုက်နိုင်ပါဘူး။ ဘယ်သူတွေထိခိုက်နိုင်မလဲဆိုတော့ ပုံမှန် လက်လုပ်လုပ်စားတွေ၊ လစာနည်းနည်းပဲရတဲ့ ဝန်ထမ်းတွေ။ သာမန်လက်လုပ်လက်စားတွေဟာ ငွေဖောင်းပွမှုဒဏ်ကို အလူးအလဲခံရပါတယ်။ နောက်လည်း ဆက်ပြီး ခံရမယ့် သဘောရှိပါတယ်။ ဘာကြောင့်လဲဆိုရင် ငွေဖောင်းပွမှုက ဆက်ပြီး ရှိနေလို့ပါပဲ။ " လို့ ဦးဇော်ဖေဝင်းက ပြောပါတယ်။
ဒီဆွေးနွေးပွဲကို မေ ၂၈ရက်ရက် နံနက် ၉နာရီမှ ၁၂နာရီခွဲထိ ရန်ကုန်မြို့ ကန်တော်ကြီးပဲလေ့စ်ဟိုတယ်တွင် ကျင်းပနေပြီး Action Aid Myanmar နှင့် မဇ္ဈိမမီဒီယာတို့ ပူးပေါင်းကျင်းပတာ ဖြစ်ပါတယ်။

 Mr.Filip Lauwerysen

မြန်မာနိုင်ငံဟာ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေ လာဖို့ဆိုရင် ကမ္ဘာပေါ်မှာ အဆိုးရွားဆုံး အခြေအနေမျိုးဖြစ်နေတယ်လို့ မြင်ကြောင်း နဲ့ အစိုးရသစ်အနေနဲ့ လိုအပ်တဲ့ ဖန်တီးမှုတွေပေးဖို့ မျှော်လင့်ကြောင်း Mr.Filip Lauwerysen, The European Chamber of Commerce မှ Executive Director of Eurocham Myanmarက Socio-Economic Development in Myanmar က ပြောပါတယ်။

ဦးမြင့်အောင်

"စက်မှုနိုင်ငံဖြစ်ဖို့ဆိုတာ SMEsတွေ မတိုးတက်လို့ မရဘူး။ SMEs တွေမတိုးတက်ဘဲ industry မတိုးတက်ဘူး။ SMEs တွေဟာ Backbone of the every industry ပဲ။ ဘာဖြစ်လို့လဲဆိုရင် FDI (နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု) ဝင်လာတဲ့အခါမှာ လိုအပ်တဲ့ပစ္စည်းတွေကို "က"ကနေ "အ" အထိ မထုတ်နိုင်ဘူး။ " လို့ Development consultant ဦးမြင့်အောင်က ပြောပါတယ်။

ဒေါ်ခင်မမမျိုး

မူဝါဒပိုင်း
မူဝါဒတွေကို ချမှတ်တဲ့အခါမှာ တကယ်လက်တွေ့အကောင်အထည်ဖော်နေသူတွေနဲ့ ဘယ်လောက်တွေ့ဆုံဆွေးနွေးသလဲဆိုတာ ပြန်ပြီး သုံးသပ်ဖို့ လိုပါတယ်လို့ Myanmar Institute of Peace and Security Studies– MIPSS ရဲ့ Executive Director ဒေါ်ခင်မမမျိုးက Socio-Economic Development in Myanmar ဆွေးနွေးပွဲမှာ ပြောပါတယ်။

ဆင်းရဲနွမ်းပါးမှု
"ကျွန်မတို့နိုင်ငံမှာ ဆင်းရဲနွမ်းပါးခြင်းကို ရောဂါတစ်ခုသဖွယ် ခွဲခြားသတ်မှတ်ချက်တွေရှိနေပါတယ်" ဟု MIPSS ရဲ့ Executive Director ဒေါ်ခင်မမမျိုးက ပြောပါတယ်။
"ဆင်းရဲနွမ်းပါမှုလျော့ချနိုင်ဖို့ တစ်နိုင်တစ်ပိုင် စီးပွားရေးများကို အားပေးကူညီဖို့လိုပါတယ်။ အလုပ်အကိုင်အခွင့်အလန်းများ တိုးတက်ဖို့ ဆောင်ရွက်ဖို့ လိုပါတယ်။ မြို့ပြစိုက်ပျိုးရေး ကဏ္ဍ ဖော်ဆောင်ဖို့လိုအပ်ပါတယ် အိမ်တွင်းမှုလုပ်ငန်းများ တိုးတက်လာဖို့ အားပေးကူညီဖို့လိုပါတယ်။ အရေးကြီးဆုံးကလူမှုအထောက်အကူအခွင့်အလန်းများပေးဖို့ လိုအပ်ပါတယ်"

Small enterprise
ရပ်ကွက်ထဲမှာရှိတဲ့ တစ်နိုင်တစ်ပိုင် Small enterprise တွေက ငွေချေးဖို့ အခက်အခဲရှိပါတယ်။ နောက်တစ်ခုက အိမ်ထောင်ဦးစီးကိုပဲ ငွေချေးခွင့်ပေးထားတဲ့ကိစ္စပါ။ တစ်ခါတစ်ရံမှာ တစ်ကယ်စီးပွားရေးလုပ်နေတာ အိမ်ထောင်ဦးစီးအမျိုးသားတွေမဟုတ်ဘဲ အမျိုးသမီးတွေက လုပ်နေတာပါ။

ဦးနေလင်းစိုး

ဆင်းရဲမှုလျော့ချမယ်ဆိုပြီး အမှန်တကယ်ဆင်းရဲနေတဲ့ မသန်စွမ်းတွေကို ဘေးဖယ်ထားမယ်ဆိုရင် ဆင်းရဲမှုလျော့ချတဲ့စီမံကိန်းက အောင်မြင်မှာ မဟုတ်ဘဲ မသန်စွမ်းတွေကို ဆင်းရဲတွင်းထဲ တွန်းပို့သလိုဖြစ်နေကြောင်း Myanmar Independent Living Initiativeက ဦးနေလင်းစိုးက ပြောပါတယ်။

ဒေါ်ဥမ္မာခိုင်

"ကျွန်မတို့ ပညာရှင်တွေ မေ့နေတဲ့ အပိုင်းက တောင်သူတွေဟာသူတို့မှာရှိနေတဲ့ သူတို့တစ်သက်လုံး လုပ်လာတဲ့ရှေးရိုးအစဉ်လာထဲကနေ ထွက်ပေါက်ပေးရမယ့်အတိုင်းအတာကို ကျွန်မတို့အရေးတယူ မစဉ်းစားခဲ့ပါဘူး။ တောင်သူအဖွဲ့အစည်းတွေကို ခိုင်မာအောင်လုပ်ပေးနေတဲ့အတိုင်းအတာကိုလည်း ဒီထက်မကပိုပြီးတော့မြှင့်တင်ပေးဖို့လိုပါမယ်။ တောင်သူအဖွဲ့အစည်းတွေရဲ့ တင်ပြချက်တွေကိုလည်း လွှတ်တော်ပိုင်းကနေကော အစိုးရပိုင်းကကော နားထောင်ပေးဖို့လိုပါမယ်" လို့ Australian Center for International Agricultural Research (ACIAR) ရဲ့ Program Manager ဒေါ်ဥမ္မာခိုင်က ပြောပါတယ်။

ဦးအောင်သူငြိမ်း
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးစဉ်က ဗဟိုချုပ်ကိုင်မှုလျော့ချရေးနဲ့ ပတ်သက်လို့ စဉ်းစားခဲ့တာမရှိဘူးလို့ Institute for Strategy and Policy ကျောင်းရဲ့ ဒါရိုက်တာ ဦးအောင်သူငြိမ်းက Socio-Economy Development in Myanmar မှာ ဆွေးနွေးပါတယ်။
တိုင်းနဲ့ပြည်နယ် အစိုးရတွေမှာ ပြည်နယ်/တိုင်းဝန်ကြီးချုပ်တွေရဲ့ အခန်းကဏ္ဍနဲ့ပတ်သက်ပြီးလည်း ဆွေးနွေးခဲ့သည်။

အဆိုပါ မူဝါဒဆိုင်ရာဆွေးနွေးမှုနှင့် ပတ်သက်သည့် သတင်းများကိုလည်း www.mizzimaburmese.com တွင် ဆက်လက်ဖော်ပြပေးပါမည်။ ဆွေးနွေးမှု အစအဆုံး ရုပ်သံကိုလည်း မဇ္ဈိမဝက်ဆိုက် နှင့် ဖေ့စ်ဘုတ်စာမျက်နှာများတွင် တိုက်ရိုက်ထုတ်လွှင့်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly