သီချင်းခိုးချမှုဖြင့် တရားစွဲခံနေရတဲ့ ဂျက်စတင်ဘီဘာ

သီချင်းခိုးချမှုဖြင့် တရားစွဲခံနေရတဲ့ ဂျက်စတင်ဘီဘာ

ကနေဒီယမ် ပေါ့ပ်အဆိုတော် ဂျက်စတင်ဘီဘာနှင့် ပူးတွဲသီချင်းရေးဆရာတို့၏ ၂၀၁၅ ခုနှစ်က ထွက်ရှိခဲ့သော “Sorry”တေးသီချင်းသည်  အဆိုတော် ကာဆေးဒန်နီရဲလ်၏ တေးသီချင်းကို ကူးချထားခြင်းဖြစ်ကြောင်း တရားစွဲခံထားရသည်။

ဘီဘာ၏ “Sorry” တေးသီချင်းသည် ၎င်း၏ တေးသီချင်း “Ring the Bell” တေးသီချင်းကို ကူးယူခဲ့ခြင်းဖြစ်ပြီး ခွင့်ပြုချက်မရှိဘဲ သံစဉ်များကို အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း ကာဆေးဒန်နီရဲလ်က မေ ၂၆ ရက်က တိုင်ကြားချက်တွင် ဖော်ပြထားသည်။

တရားစွဲခံထားရသူများတွင် ထုတ်လုပ်သူ စကားလက်ဇ်နှင့် Universal တေးဂီတကုမ္ပဏီတို့ လည်း ပါဝင်သည်။ နက်ရှ်ဗဲလီဒေသရှိ အမေရိကန် ခရိုင်တရားရုံးတွင် အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။

ဘီဘာ၏ “Purpose” တေးအယ်လ်ဘမ်တွင် ပါဝင်သော “Sorry” တေးသီချင်းသည် You Tube တွင် ကြည့်ရှုသူ ၁ဒသမ ၄၂ ဘီလျံကျော် ရှိခဲ့သည်။ ဘီဘာနှင့် တေးသီချင်းကိစ္စကို ဆွေနွေးရန် ကမ်းလှမ်းခဲ့သော်လည်း ဘီဘာက ဆွေးနွေးရန် ပယ်ချခဲ့ကြောင်း ဒန်နီရဲလ်က ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly