ဟီရိုရှီးမားအမှတ်ရမှုက ဘယ်တော့မှ ပျက်ပြယ်သွားမည်မဟုတ်ဟု အိုဘားမားပြော

ဟီရိုရှီးမားအမှတ်ရမှုက ဘယ်တော့မှ ပျက်ပြယ်သွားမည်မဟုတ်ဟု အိုဘားမားပြော

ဟီရိုရှီးမား၊ မေ ၂၈ ။         ။ ဒုတိယကမ္ဘာစစ်အတွင်း နျူးကလီးယားတိုက်ခိုက်ခံရပြီးနောက်ပိုင်း ပထမဆုံးအမေရိကန်သမ္မတလာရောက်လည်ပတ်ခြင်းအဖြစ် သမ္မတအိုဘားမားက ဟီရိုရှီးမားသို့ ရောက်ရှိသည်။

 ၁၉၄၅ ခုနှစ် သြဂုတ် ၆ ရက်က ဟီရိုရှီးမားမြို့ နျူကလီးယားဗုံးကြဲခံရမှုသည် မည်သည့်အခါပျောက်ပျက်သွားတော့မည်မဟုတ်ကြောင်း သမ္မတအိုဘားမားက ပြောသော်လည်း ကမ္ဘာ့ပထမဆုံးအဖြစ် အမေရိကန်နျူကလီးယားတိုက်ခိုက်ခဲ့မှုအတွက် တောင်းပန်ခြင်းစကားပြောဆိုခြင်း မရှိခဲ့ပေ။

 ဟီရိုရှီးမားနျူကလီးယားဗုံးကြဲခံရခြင်းတွင် ရှင်ကျန်ရစ်သူနှစ်ဦးနှင့် သမ္မတအိုဘားမားက စကားပြောဆိုကာ မိန့်ခွန်းပြောကြားရာတွင်လည်း နျူကလီးယားကင်းစင်သည့် ကမ္ဘာ့ဖြစ်အောင် ပုံဖော်ကြရန် တိုက်တွန်းပြောကြားသည်။

 ဟီရိုရှီးမားနျူကလီးယားဗုံးကြဲခံရမှုတွင် လူပေါင်း ၁၄၀၀၀၀ ကျော် သေဆုံးခဲ့ပြီး သုံးရက်အကြာတွင် နာဂါစာကီမြို့အား နျူကလီးယားဗုံးထပ်ကြဲရာ၌ လူပေါင်း ၇၄၀၀၀ ကျော် သေဆုံးခဲ့ရသည်။

 သမ္မတအိုဘားမားက ဟီရိုရှီးမားငြိမ်းချမ်းရေးပြတိုက်သို့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့်အတူ သွားရောက်ပြီးောနက် ငြိမ်းချမ်းရေးအထိမ်းအမှတ်ဥယျာဉ်သို့ ရောက်ရှိသည်။

 အမှတ်တရမီးလျှံရှေ့တွင် ရပ်ကာ သမ္မတအိုဘားမားက ဦးစွာ ပန်းခွေချပြီးနောက် ရှင်ဇိုအာဘေးကလည်း အထိမ်းအမှတ်ပန်းခွေ ချခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly