ဘရာဇီးတွင် ဆယ်ကျော်သက်မိန်းကလေးအား လူ ၃၀ ကျော် အဓမ္မကျင့်သည့် ဗီဒီယို လူမှုမီဒီယာပေါ် ရောက်လာ၍ တုန်လှုပ်ခြောက်ခြားမှုဖြစ်

ဘရာဇီးတွင် ဆယ်ကျော်သက်မိန်းကလေးအား လူ ၃၀ ကျော် အဓမ္မကျင့်သည့် ဗီဒီယို လူမှုမီဒီယာပေါ် ရောက်လာ၍ တုန်လှုပ်ခြောက်ခြားမှုဖြစ်

ရီယိုဒီဂျနေရိုး၊ မေ ၂၈ ။            ။ ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုးမြို့တွင် ဆယ်ကျော်သက်မိန်းကလေးတစ်ဦးအား လူ ၃၀ ကျော်ထက်မနည်း အဓမ္မပြုကျင့်နေသည့် ဗီဒီယိုက လူမှုမီဒီယာပေါ်   ပေါ်ထွက်လာ၍ လူအများတုန်လှုပ်ခြောက်ခြားမှုဖြစ်ကာ ရဲက ယင်းပြုကျင့်သူများကို လိုက်လံလျက်ရှိသည်။

 အသက် ၁၆ နှစ်ရှိ ယင်းမိန်းကလေးသည် သူ၏ ရည်းစားကို သွားရောက်အိပ်ခဲ့ပြီး နိုးလာချိန်တွင် ရည်းစားအိမ်မဟုတ်ဘဲ အခြားအိမ်တစ်အိမ်သို့ ရောက်နေကာ သူစိမ်းယောက်ကျားသားများ အလယ်ရောက်ရှိနေခြင်းဖြစ်သည်။ ထိုယောက်ကျားအများအပြားက မိန်းကလေးဖြစ်သူအား သားမယားပြုကျင့်ကြခြင်းဖြစ်သည်။

 မိန်းကလေး၏ ရည်စားဖြစ်သူအပါအဝင် ယင်းပြစ်မှုတွင် ဖမ်းဝရမ်းထုတ်ထားပြီဖြစ်သည်။

 အဆိုပါအမှုနှင့် ပတ်သက်ပြီး သတင်းမျိုးစုံထွက်ပေါ်လျက်ရှိသော်လည်း အခင်းဖြစ်ပွားခဲ့သည်မှာ ပြီးခဲ့သည့် စနေတနင်္ဂနွေကဖြစ်ကာ ရီယိုဒီဂျနေရိုးအနောက်ပိုင်း ဆင်းရဲသားရပ်ကွက်တွင်   ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု အတည်ပြုသည်။

 စနေနေ့က လူအုပ်လိုက် သားမယားပြုကျင့်ခံရပြီးနောက် နောက်တစ်နေ့ တနင်္ဂနွေတွင် မိန်းကလေးဖြစ်သူ အဝတ်မဲ့ကိုယ်ဖြင့် ဒဏ်ရာများလည်းရထားကာ နိုးထာလာခဲ့ပြီး ရဲဌာနသို့ အမှုလာဖွင့်ခြင်းဖြစ်သည်။

 နောက်ပိုင်းရက်တွင် မိန်းကလေးအား ပြုကျင့်သူများမှ တစ်ချို့က ယင်းပြုကျင့်နေသည့် စက္ကန့် ၄၀ စာဗီဒီယိုကို တွစ်တာပေါ်တင်လာခြင်းဖြစ်သည်။ ထိုဗီဒီယိုပို့စ်အား ရှယ်သူများ၊   ဝေဖန်ထင်မြင်ချက်ရေးသူများ  များပြားလာပြီးနောက် ဗီဒီယိုတင်သည့် တွစ်တာအကောင့်ပိုင်ရှင်က အကောင့်ကို ဖျက်သိမ်းပစ်ခဲ့ခြင်းဖြစ်သည်။

 အုပ်လိုက်မုဒိမ်းပြုကျင့်ခံရသည့် မိန်းကလေးက သူ့ဖက်က ထောက်ခံမှုပေးရေးသားကြသူများကို ကျေးဇူးတင်ကြောင်း ဖေ့ဘုတ်ပေါ်တွင် ရေးသားဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly