ရမ်ဆေး၏ ကျောနံပါတ် ၁၆ ဂျာစီကို အာဆင်နယ်ကွင်းလယ်ကစားသမားသစ် ဇာခါ ၀တ်ဆင်မည်

ရမ်ဆေး၏ ကျောနံပါတ် ၁၆ ဂျာစီကို အာဆင်နယ်ကွင်းလယ်ကစားသမားသစ် ဇာခါ ၀တ်ဆင်မည်

မေ ၂၈၊ လန်ဒန် ။              ။ ရာသီသစ်အတွက် အာဆင်နယ်အသင်းက ပထမဆုံး ခေါ်ယူလိုက်သည့် ဆွစ်ဇာလန်ကွင်းလယ်ကစားသမား ဇာခါသည် ရာသီသစ်တွင် ရမ်ဆေး၏ ကျောနံပါတ် ၁၆ ဂျာစီကို ဝတ်ဆင်ကစားမည်ဖြစ်သည်။

ရမ်ဆေးသည် အာဆင်နယ်အသင်းမှ ထွက်ခွာသွားသော စပိန်ကွင်းလယ်ကစားသမား အာတီတာ၏ ကျောနံပါတ် ၈ ကို ပြောင်းလဲဝတ်ဆင်မည်ဖြစ်သည့်အတွက် ဇာခါက ကျောနံပါတ် ၁၆ ကို ရယူခဲ့ခြင်းဖြစ်သည်။ ထိုကဲ့သို့ ပြောင်းလဲဝတ်ဆင်မည်ဖြစ်ကြောင်းကို အာဆင်နယ်အသင်းက တွစ်တာမှတစ်ဆင့် တရားဝင်ကြေညာခဲ့သည်။

ထို့အပြင် အာဆင်နယ်အသင်း၏ အဓိက ကစားသမားတစ်ဦးဖြစ်သည့် အလက်ဆစ်ဆန်းချက်ဇ်သည် ဝါရင့်ကွင်းလယ်လူ ရိုဆစ်စကီး၏ ကျောနံပါတ် ၇ ကို ပြောင်းလဲဝတ်ဆင်မည်ဖြစ်သည်။

ထို့ကြောင့် လစ်လပ်သွားသည့် ဆန်းချက်ဇ်၏ ကျောနံပါတ် ၁၇ ကို ယခင်က ကျောနံပါတ် ၄၅ ဝတ်ဆင်သော လူငယ်တိုက်စစ်ကစားသမား အိုင်ဝိုဘီက ပြောင်းလဲဝတ်ဆင်သွားမည် ဖြစ်သည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly