ဖလူဂျာမြို့စီးနင်းမှုအတွင်း အိုင်အက်စ်တပ်မှူးအား သုတ်သင်နိုင်

ဖလူဂျာမြို့စီးနင်းမှုအတွင်း အိုင်အက်စ်တပ်မှူးအား သုတ်သင်နိုင်

ဘဂ္ဂဒက်၊ မေ ၂၈ ။           ။ အမေရိကန်ဦးဆောင်သည့် ညွန့်ပေါင်းတပ်ဖွဲ့များကအ အီရတ်ရှိ ဖလူဂျာမြို့သိမ်းစီးနင်းမှုအတွင်း အိုင်အက်စ်အကြမ်းဖက်သမား ၇၀ ကို သုတ်သင်နိုင်ရာတွင် အိုင်အက်စ်တပ်မှူးတစ်ဦးပါ ပါဝင်ကြောင်း အမေရိကန်စစ်တပ်က ပြောသည်။

 လေးရက်အတွင်း လေကြောင်းတိုက်ခိုက်မှုပေါင်း ၂၀ ကျော်ထက်မနည်းကို ဆင်နွှဲပြီး အိုင်အက်စ်တည်နေရာများကို ဖျက်ဆီးပစ်ခဲ့ကြောင်း ဗိုလ်မှူးစတိဗ်ဝါရန်က ပြောသည်။

 ညွန့်ပေါင်းတပ်က ဖလူဂျာမြို့လက်ရရေး အိုင်အက်စ်ကို ထိုးစစ်ဆင်သည့် အီရတ်တပ်များကို တပ်ကူပေးကာ ဝင်ရောက်တိုက်ခိုက်ပေးခြင်းဖြစ်သည်။

 ဖလူဂျာမြို့မှ အိုင်အက်စ်တပ်မှူး မာဟာအယ်ဘီလာဝီကို ဗုံးခွဲတိုက်ခိုက်မှုအတွင်း သုတ်သင်လိုက်နိုင်ခြင်းဖြစ်ကြောင်းလည်း ဝါရန်က ပြောသည်။

 သို့သော် အဆိုပါ မြို့သိမ်းတိုက်ပွဲမှာ အချိန်မည်မျှ ကြာအောင် ဆင်နွှဲရမည် မသိကြောင်းလည်း ၎င်းက သတိပေးသည်။

 မြို့အတွင်း ပိတ်မိနေသူ အရပ်သား ၅၀၀၀၀ နီးပါးရှိနေပြီး အဆိုပါအရပ်သားများအနေဖြင့် ခွဲခြားသိနိုင်ရန် အိမ်ခေါင်မိုးများကို အဖြူရောင်ဖုံးလွှမ်းထားရန်အတွက်လည်း သတိပေးထားကြောင်း ဗိုလ်မှူးဝါရန်က ပြောသည်။

 အိုင်အက်စ်အဖွဲ့က ၎င်းတို့ဖက်က ပါဝင်တိုက်ခိုက်ရန် ငြင်းဆန်သူများကို သတ်ပစ်ခြင်းများရှိနေကြောင်း ကုလသမဂ္ဂက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly