မဲဆောက်မြို့ရှိ မယ်တော်ဆေးခန်းအသစ် ဖွင့်လှစ်မည်

မဲဆောက်မြို့ရှိ မယ်တော်ဆေးခန်းအသစ် ဖွင့်လှစ်မည်

ရန်ကုန်၊ မေ၂၇ ။  ။ မယ်တော်ဆေးခန်းအား နေရာသစ်တွင် ပြောင်းရွှေ့ ဖွင့်လှစ်ခြင်း အတွက် ဖွင့်ပွဲအခမ်းအနားကို မေလ ၂၈ ရက် နေ့လည် ၁နာရီတွင် ကျင်းပမည်ဖြစ်သည်။

မယ်တော်ဆေးခန်းတည်ရှိရာ နေရာဟောင်းသည် ငှားရမ်းထားသည့်မြေဖြစ်သည့်အပြင် နေရာ အကျယ်အဝန်း အကန့်အသတ်ရှိသောကြောင့် ဆေးခန်း ပြင်ဆင်တိုးချဲ့ရန် အဆင်မပြေဘဲ အခက်အခဲ များစွာရှိသည့်အတွက်  မယ်တော်ဆေးခန်းသစ်အား ဝန်ဆောင်မှုအရည်အသွေး မြှင့်တင်ရန် ရည်ရွယ်ထားသည့် ဆေးခန်းနေရာသစ်တွင် ပြောင်းရွှေ့ဖွင့်လှစ်တော့မည် ဟုသိရသည်။ ဆေးခန်းသစ်၏ တည်နေရာမှာ အမှတ် ၇၀၂/၁ လမ်းသွယ် ၁၊ သာဆိုင်လွဒ်၊ မဲဆောက်၊ တပ်ခ်ခရိုင် ဖြစ်သည်။

လွန်ခဲ့သည့် ၁၀ နှစ်ကာလအတွင်းတွင် မယ်တော်ဆေးခန်းသည် ဆေးခန်းသစ်အတွက် မြေနေရာရှာဖွေခြင်း၊ ရံပုံငွေစုဆောင်းခြင်း၊ ဆေးခန်း အဆောက်အဦများ ပုံစံရေးဆွဲခြင်းနှင့် တည်ဆောက်ခြင်းတို့အား လုပ်ဆောင်ခဲ့ပြီး ယခုအချိန်တွင် ဆေးခန်းနေရာသစ် ဖွင့်လှစ်နိုင်ပြီဖြစ်ကြောင်း လည်းသိရသည်။

မြန်မာနိုင်ငံလုံးအနှံ့ ဒီမိုကရေစီလူထုလှုပ်ရှားမှုကြီးအား မြန်မာစစ်အစိုးရမှ အကြမ်းဖက်နှိမ်နင်းခဲ့ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြလှုပ်ရှားသူများ ထောင်နှင့်ချီ၍ မြန်မာနိုင်ငံနယ်စပ်ဒေသများသို့ ရောက်ရှိလာပြီးနောက် ၁၉၈၉ ခုနှစ်တွင် မယ်တော်ဆေးခန်းအား စတင်တည်ထောင်ခဲ့ပါသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly