မြန်မာနှင့်ခြေစမ်းပွဲက တီမောပွဲအကြိုပြင်ဆင်မှုအတွက် အရေးပါဟု အွန်ကင်ဆွီး သုံးသပ်

မြန်မာနှင့်ခြေစမ်းပွဲက တီမောပွဲအကြိုပြင်ဆင်မှုအတွက် အရေးပါဟု အွန်ကင်ဆွီး သုံးသပ်
မလေးရှားလက်ရွေးစင်နည်းပြချုပ် အွန်ကင်ဆွီး။

မေ ၂၇၊ ရန်ကုန် ။             ။  မေလ ၂၈ရက်တွင် မြန်မာအသင်းနှင့်ကစားမည့် ခြေစမ်းပွဲမှာ ၂၀၁၉ အာရှဖလားခြေစစ်ပွဲအဖြစ် ကစားရမည့် တီမောအသင်းနှင့်ပွဲအတွက် အရေးပါသည်ဟု မလေးရှားလက်ရွေးစင်အသင်းနည်းပြချုပ် အွန်ကင်ဆွီးကပြောသည်။

မလေးရှားအသင်းမှာ ၂၀၁၉အာရှဖလားခြေစစ်ပွဲကို စတုတ္ထအဆင့်မှစတင်ကစားရမြည်ဖစ်ပြီး တီမောအသင်းနှင့် အိမ်ကွင်း၊အဝေးကွင်းပွဲစဉ်အဖြစ် ကစားရမည်ဖြစ်သည်။ "မြန်မာအသင်းနဲ့ ခြေစမ်းပွဲက တီမောနဲ့ ပွဲအတွက် အသင်းရဲ့ နည်းဗျူဟာတွေကို စမ်းသပ်ဖို့ အကောင်းဆုံး အခွင့်အရေး ဖြစ်ပါတယ်။ ဒီပွဲက ကျွန်တော်တို့ အသင်းအတွက် တစ်ကယ် အရေးပါတဲ့ ပွဲပါ"ဟု အွန်ကင်ဆွီးကပြောသည်။

မြန်မာအသင်းနှင့်မလေးရှားအသင်းတို့မှာ ၂၀၁၄ဆူဇူကီးဖလားပြိုင်ပွဲတွင် နောက်ဆုံးကစားခဲ့ပြီး ဂိုးမရှိသရေကျထားသည်။ မြန်မာအသင်းမှာ မေလ ၂၈ရက်တွင် မလေးရှားနှင့် ခြေစမ်းပွဲကစားပြီးနောက် ဇွန်လ ၃ရက်နှင့် ၆ရက်များတွင် 2016 AYA Bank Cup လေးနိုင်ငံပြိုင်ပွဲကစားရမည်ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly