ထိုင်း-မြန်မာနယ်စပ် မဲဆောက်အထူးစီးပွားရေးဇုံအတွက် ထိုင်းလုပ်ငန်းရှင်များ ရင်းနှီးရန် အဆင်သင့်ဖြစ်နေ

ထိုင်း-မြန်မာနယ်စပ် မဲဆောက်အထူးစီးပွားရေးဇုံအတွက် ထိုင်းလုပ်ငန်းရှင်များ ရင်းနှီးရန် အဆင်သင့်ဖြစ်နေ
FTI ဒု-ဥက္ကဌ နစ်ဆူဝန်

ယခုနှစ်နောက်ဆံး၃ လ အတွင်း စတင်မည်ဟု လျာထားသည့် ထိုင်း-မြန်မာနယ်စပ် ထိုင်းနိုင်ငံ မဲဆောက်မြို့နယ် အထူးစီးပွားရေးဇုံ၌ ရင်းနှီးမြှုတ်နှံရန် ထိုင်းစက်မှုလုပ်ငန်းရှင်များအသင်း FTI အနေဖြင့် အဆင်သင့်ဖြစ်နေပြီဟု သိရသည်။

"ကျနော်တို့အနေနဲ့ မဲဆောက်အထူးစီးပွားရေးဇုံမှာ ရင်းနှီးမြှုတ်နှံဖို့အဆင်သင့်ဖြစ်နေပါပြီ။ လာမယ့်ရက်ပတ် ထဲမှာ သတင်းစာရှင်းပွဲလုပ်ပါမယ်။ ထိုင်းစက်မှုလုပ်ငန်းရှင်များအသင်းရဲ့ ထိုင်းနိုင်ငံစီးပွားရေးတိုးတက်ဖို့ ဆောင်ရွက်မယ့် အစီအစဉ်တွေအပါအဝင် စက်မှုလုပ်ငန်းအသစ်တွေအကြောင်း ကြေညာသွားမှာပါ။" ဟု FTI ဒု-ဥက္ကဌ နစ်ဆူဝန် က ထိုင်းနိုင်ငံထုတ် The Nation သတင်းစာကိုပြောသည်။

"အစိုးရအနေနဲ့က အစီအစဉ်တွေ၊ နေရာတွေ သတ်မှတ်ပေးပြီးပြီ။ ဒါပေမယ့် ရင်းနှီးမြှုတ်နှံမယ့်လူတွေ လိုနေပါတယ်။ လက်တွေ့အကောင်အထည်ပေါ်လာဖို့က ပုဂ္ဂလိကလုပ်ငန်းရှင်တွေရဲ့ အပိုင်းဖြစ်လာပါပြီ။" ဟု  ၎င်းက ဆက်ပြောသည်။

ပုဂ္ဂလိကလုပ်ငန်းရှင်တွေများ ရင်းနှီးမြှုတ်နှံလာကြစေရန် အစိုးရအနေဖြင့် ဘဏ်စနစ်များ၊ အင်တာနက်၊ သယ်ယူပို့ဆောင်ရေးစနစ်များ၊ သိုလှောင်ရုံစနစ်များ ကို ကူညီစီစဉ်ပေးရန်လိုအပ်သည်ဟုလည်း ဆိုသည်။ 

အခြားအထူးစီးပွားရေးဇုံများဖြစ်သည့် Tak၊ Sakew၊ Trat၊ Mukdahan နှင့် Songkhla ခရိုင်များအတွင် အထူးစီးပွားရေးဇုံများအတွက် မဲဆောက်အထူးစီးပွားရေးဇုံသည် စံပြတခုဖြစ်လာနိုင်သည်ဟု နစ်ဆူဝန် ကပြောသည်။ 
Ref; The Nation

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags