"ကျောင်းအပ်နှံရာတွင် ငွေကြေးတောင်ခံမှုများကို သက်သေအထောက်အထားဖြင့် တိုင်ကြားပါက အရေးယူမည်"

"ကျောင်းအပ်နှံရာတွင် ငွေကြေးတောင်ခံမှုများကို သက်သေအထောက်အထားဖြင့် တိုင်ကြားပါက အရေးယူမည်"

မန္တလေး၊မေလ ၂၆ ။                ။ ကျောင်းအပ်နှံရာတွင် ငွေကြေးတောင်ခံမှုများရှိပါကို သက်သေအထောက်အထားများဖြင့် တိုင်ကြားလာပါက အရေးယူသွားမည်ဟု မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကပြောသည်။

"ငွေယူတယ်။ ငွေတောင်းတယ်ဆိုတာကို ဖုန်းနဲ့တိုင်တယ်။ ဒီလိုမတိုင်ပါနဲ့။ သက်သေအထောက်အထားနဲ့သာ တိုင်ပါ အရေးယူပေးပါမယ်။"ဟု ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကပြောသည်။

မန္တလေးခရိုင်အတွင်းတွင် စာသင်ကျောင်းအချို့က ငွေကြေးကောက်ခံမှုများရှိနေသည်ကို ကျောင်းသူကျောင်းသားမိဘများက တိုင်းဒေသကြီးအစိုးရအဖွဲ့ထံသို့ ဖုန်းဖြင့်တိုင်ကြားမှုများရှိနေသည်။ ထိုသို့ဖုန်းဖြင့်တိုင်ကြားခြင်းမပြုလုပ်ဘဲ သက်သေအထောက်အထားခိုင်မာစွာဖြင့် တိုင်ကြားမှသာ လိုအပ်သည့်အရေးယူမှုများ ဆောင်ရွက်ပေးနိုင်မည်ဟု ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က   ပြောသည်။

ပြည်ထောင်စုအစိုးရကလည်း ကျောင်းအပ်နှံရာတွင် မည်သည့်ငွေကြေးတောင်းခံမှုများ  မပြုလုပ်ကြရန် တရားဝင်ညွှန်ကြားထားပြီးဖြစ်သည်ဟု ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required