လူမှုကွန်ယက်များနှင့် ချိတ်ဆက်၍ လုပ်သားရှာဖွေစုဆောင်းခြင်း (သို့) ပုံရိပ် ဂုဏ်သတင်းမြှင့်တင်ခြင်း

လူမှုကွန်ယက်များနှင့် ချိတ်ဆက်၍ လုပ်သားရှာဖွေစုဆောင်းခြင်း (သို့) ပုံရိပ် ဂုဏ်သတင်းမြှင့်တင်ခြင်း

ရန်ကုန်၊ ၂၀၁၆၊ မေလ ၂၃ ရက်။               ။ လူမှုကွန်ယက်များနှင့် ချိတ်ဆက်၍ လုပ်သားရှာဖွေ စုဆောင်းခြင်းသည် လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက အလုပ်အကိုင် ဝန်ဆောင်မှု အေဂျင်စီများ ၏ အားကိုးအားထားပြုရာ နည်းလမ်းတစ်ခုလည်း ဖြစ်သည်။ ဒီနည်းလမ်းကို အခြေခံ၍ လုပ်သား ရှာဖွေစုဆောင်းသူများသည် လုပ်ငန်းရှင်များအတွက် အလားအလာရှိသော လုပ်သားများကို စုဆောင်း ရုံမျှမက အခြား တစ်ဘက်မှလည်း စီးပွားရေးလုပ်ငန်းအသစ်တစ်ခုကို စတင်လုပ်ဆောင်လာ ကြသည်။

ထိုစီးပွားရေးလုပ်ငန်းမှာ သူတို့၏ လုပ်ငန်းအမည်၊ အမှတ်တံဆိပ်နှင့် ကုန်ပစ္စည်းများကို လူသိများအောင်၊ ခိုင်မာအောင် တည်ဆောက်ရာတွင်လည်း အသုံးပြုခြင်းဖြစ်သည်။ ဒီလို အသုံးပြုခြင်းကို ကြော်ငြာခြင်းဟု အများစုက သိထားကြသည်။ ယနေ့ခေတ် အပြိုင်အဆိုင်များသည့် ဈေးကွက်စီးပွားရေးစနစ်ထဲတွင် ဘယ်လို ကြော်ငြာမလဲ ဆိုသည့် နည်းလမ်း အတွက်ကိုတော့ သေချာ စမ်းစစ်လေ့လာဖို့ လိုပေသည်။ လူမှုကွန်ယက်များမှတဆင့် သတင်းဖြန့်ချိခြင်း၊ ဝါဒဖြန့်ဝေခြင်းနှင့် အမည်၊ အမှတ်တံဆိပ်တို့၏ ပုံရိပ်မြှင့်တင်ခြင်းတို့သည် ထိရောက်သည့် ကြော်ငြာနည်းလမ်းတစ်ခု ဖြစ်သည်။ ထိုသို့ထိရောက်သည့် နည်းလမ်းကို လူမှုကွန်ယက်များမှတဆင့် လုပ်သားရှာဖွေစုစောင်း ခြင်း အတတ်ပညာနှင့် ပေါင်းစပ်လိုက်သည့်အခါ လူအများ အထင်ကြီးအားကျ စရာ အောင်မြင်သည့် စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်လာပေသည်။

လူမှုကွန်ယက်များ၏ စီးပွားရေးလုပ်ငန်းများအတွက် အရေးပါပုံနှင့် အကျိုးရှိပုံတို့ကိုလည်း အွန်လိုင်းပေါ်မှလုပ်သားရှာဖွေစုစောင်းရေး အေဂျင်စီတစ်ခုဖြစ်သည် www.jobsinyangon.com (www.jobless.com.mm) ကို တည်ထောင်သူ  ချက်နိုင်ငံသား တစ်ဦးဖြစ်သည့် CEO Vladimir Neduchal ကလည်း ယခုလို ပြောပြခဲ့သည်။ " စီးပွားရေးလုပ်ငန်းတွေအတွက် လူမှုကွန်ယက်တွေက များစွာ အကျိုးရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ လူမှုကွန်ယက်ဆိုတာ လူသားများအားလုံးရဲ့ နေ့စဉ်ဘဝတွေထဲက အစိတ်အပိုင်းတစ်ခုပါ။ ဒါကြောင့် ထိရောက်မှုလည်း များစွာရှိပါတယ်။ လူမှုကွန်ယက်များစွာရှိတဲ့အထဲက စီးပွားရေးအတွက် ပိုပြီးအကျိုးရှိနိုင်တာက LinkedIn လူမှုစာမျက်နှာ ဖြစ်ပါတယ်။ "

 လူမှုကွန်ယက် (Social Network)

ကမ္ဘာပေါ်တွင် တွစ်တာ (Twitter)၊ ဖေ့စ်ဘွက် (Facebook)၊ လင့်ဒ်အင် (LinkedIn)၊ အင်စတာ ဂရမ် (Instargram)၊ ဂူဂဲလ် ပလပ်စ် (Google plus) စသည့် အထင်ကရ လူသိများသည့် လူမှုကွန်ယက်များစွာ ရှိသလို အခြား လူသုံးနည်းသည့် ဒေသတွင်းသုံး လူမှုကွန်ယက် အသေးများ လည်း ရှိကြသည်။

အမေရိကန်ပြည်ထောင်စုတစ်ခုတည်းတွင် Facebook သုံးစွဲသူ ၁၆၂.၉ သန်းရှိပြီး၊ LinkedIn ကသုံးစွဲသူ ၁၂၂ သန်းနှင့် Twitter က သုံးစွဲသူ ၆၅ သန်း ရှိသည်ဟု အင်တာနက်စစ်တမ်းများအရ သိရသည်။ ယခုလို များပြားလှသည့် သုံးစွဲသူ ဦးရေပမာဏသည် အွန်လိုင်းပေါ်မှတဆင့် လုပ်သား ရှာဖွေစုစောင်းလိုသူများ သို့မဟုတ် အမှတ်တံဆိပ် ပုံရိပ်၊ အမည် ဂုဏ်သတင်း မြှင့်တင်လိုသည့် စီးပွားရေးလုပ်ငန်းရှင်များအတွက် အကောင်းဆုံး နေရာများဖြစ်လာသည်။ ဒါ့အပြင် မိမိစီးပွားရေး လုပ်ငန်းအတွက် ဝင်ငွေများကို ရရှိစေနိုင်သည့် ဖောက်သည်များကို စွဲဆောင်ရာ နေရာတစ်ခုလည်း ဖြစ်လာသည်။

www.jobsinyangon.com (www.jobless.com.mm) ကို တည်ထောင်သူ ချက်နိုင်ငံသား CEO Vladimir Neduchal ပြောခဲ့သလိုပင် အမေရိကန်ပြည်ထောင်စုရှိ ကုမ္ပဏီအများစုနှင့် ကမ္ဘာပေါ်ရှိ စီးပွားရေးလုပ်ငန်းအများစုသည် လူမှုကွန်ယက်စာမျက်နှာ တစ်ခုဖြစ်သည့် LinkedIn ကို ပိုမို အသုံးပြုကြသလို Twitter နှင့် Facebook တို့ကိုမူ ပုံရိပ် ဂုဏ်သတင်း မြှင့်တင်မှုအတွက် အသုံး ပြုလေ့ ရှိကြသည်။ ထို့ကြောင့် အွန်လိုင်းပေါ်မှ လုပ်သားရှာဖွေစုစောင်းခြင်းသည် အဆိုပါ လူမှု ကွန်ယက်များပေါ်ရှိ အသုံးပြုသူ စီးပွားရေးလုပ်ငန်းရှင်များ၊ အလုပ်ရှာသူများအတွက် အကောင်းဆုံး အားထားရာ လုပ်ငန်းတစ်ခုဖြစ်လာသည်။

ထို့အပြင် လူမှုကွန်ယက်များ၏ အားသားချက်သည် မိမိ၏ ဆက်သွယ်လိုရာ လူပုဂ္ဂိုလ် တစ်ဦးချင်း၊ အစုအဖွဲ့တစ်ဖွဲ့ချင်းနှင့် ကုမ္ပဏီ၊ စီးပွားရေးလုပ်ငန်း တစ်ခုချင်းစီသို့ တိုက်ရိုက်ထိတွေ့ ဆက်သွယ်နိုင်ခြင်းဖြစ်သည်။ ထို့ထက်ပိုမို ထိရောက်လိုပါက မိမိဆက်သွယ်လို သူများထံသို့ အဆိုပါ လူမှုကွန်ယက်စာမျက်နှာများတွင် ဖော်ပြထားသည့် သတင်း အချက်အလက်များ မှတဆင့်  ဖုန်းဖြင့် ပင် တိုက်ရိုက်ဆက်သွယ်ခေါ်ဆိုနိုင်သည့် အခြေအနေဖြစ်သည်။

 လုပ်ငန်းမိတ်ဖက်များနှင့် ဖောက်သည်များ၏ အကြိုက်ဆောင်ခြင်း

အထက်တွင် ဖော်ပြထားသည့် သတင်းအချက်အလက်များနှင့် အရေးပါပုံများကို အခြေခံ၍ လုပ်ငန်းမိတ်ဖက်များနှင့် ဖောက်သည်များ၏ အကြိုက်ဆောင်နိုင်ရန် မည်သို့ ကြိုးစားမည်နည်း။ ထိုသို့လုပ်ဆောင်ရန် နည်းလမ်းကိုမူ www.jobsinyangon.com (www.jobless.com.mm) ကို တည်ထောင်သူ ချက်နိုင်ငံသား CEO Vladimir Neduchal က သူများအကြိုက်ဆောင်ဖို့ဆိုရင် ကိုယ်က အရင် ပြည့်ဝနေဖို့ လိုကြောင်း ဒါမှ သူတပါးလိုအပ်ချက်ကိုဖြည့်ဆည်းပြီး အကြိုက်ဆောင် နိုင်မှာ ဖြစ်ကြောင်း ယခုလို ရှင်းလင်းပြောကြားခဲ့ပါတယ်။ " လူမှုကွန်ယက်များပေါ်ရှိ ကိုယ့်ရဲ့ ကိုယ်ရေးအချက်လက်၊ လုပ်ငန်းများ၏ အကြောင်းအရာများကို ပြည့်စုံအောင် ဖော်ပြထားသင့်ပါတယ်။ ဒါမှ မိမိလိုအပ်ချက် ဒါမှမဟုတ် မိမိနဲ့ ချိတ်ဆက်မယ့် သူများအတွက် ရှင်းလင်းတဲ့ သတင်း အချက်အလက်များကို တွေ့မြင်နိုင်ပြီး ချိတ်ဆက်ရာမှာ လွယ်ကူစေမှာ ဖြစ်ပါတယ်။ အလုပ်ရှာသူနှင့် လုပ်သားရှာသူများကလည်း လိုအပ်ချက်၊ အရည်အချင်းနှင့် လုပ်ငန်းတာဝန်များကို ဖော်ပြထားသင့် သလို ပုံရိပ်မြှင့်တင်မယ့် ကုမ္ပဏီ စီးပွားရေးလုပ်ငန်းများ အနေနဲ့လည်း မိမိလုပ်ငန်းအပေါ်အများ စိတ်ဝင်စားမှု ရှိလာစေရန် လူမှုကွန်ယက်စာမျက်နှာများပေါ်မှာ ဖော်ပြထားသင့်ပါတယ်။"

ဒါကြောင့် လုပ်ငန်းမိတ်ဖက်များနှင့် ဖောက်သည်များ၏ အကြိုက်ဆောင်နိုင်ရန် မိမိအသုံးချ မည့် မိမိ၏ လူမှုကွန်ယက်စာမျက်နှာသည် သတင်းအချက်အလက်များနှင့် ပတ်သက်၍ ပြည့်စုံမှု ရှိသင့်သလို သတင်းအချက်အလက်များကိုလည်း ဖတ်ရှုရလွယ်ကူရှင်းလင်းသည့် ပုံစံနှင့် ဖော်ပြ ထားသင့်ပါသည်။

ဥပမာ- လုပ်သားရှာသည့် လုပ်ငန်းရှင်များအတွက်

-မိမိခေါ်လိုသည့် ဝန်ထမ်းအရေအတွက်၊ ရာထူးအမျိုးအစား၊ ထမ်းဆောင်ရမည့်တာဝန်၊ ရရှိမည့်ခံစားခွင့်များ၊ အရည်အချင်း ကန့်သတ်ချက်နှင့် ဆက်သွယ်ရန် လိပ်စာတို့ကို အပြည့်အစုံဖော်ပြထားသင့်သလို။ အလုပ်ရှာလိုသည့် လူမှုကွန်ယက်အသုံးပြုသူများဘက်မှလည်း မိမိလုပ်ကိုင်လိုသည့် လုပ်ငန်းအမျိုး အစား၊ လုပ်ကိုင်ခဲ့ဖူးသည့် လုပ်ငန်းအတွေ့အကြုံ၊ ကိုယ်ရေး အချက်အလက်အကျဉ်းတို့ကို   ဖော်ပြထားသင့်ပါတယ်။

ဒါ့အပြင် ပုံရိပ် ဂုဏ်သတင်းမြှင့်တင်လိုသည့် တစ်သီးပုဂ္ဂလ၊ စီးပွားရေးလုပ်ငန်းများအနေနှင့်လည်း လူမှုကွန်ယက်များပေါ်တွင် မိမိတင်လိုက်သည့် သတင်းအချက်အလက်များသည် ပြည့်စုံမှုရှိရမည်။ စွဲဆောင်မှုရှိရမည်။ မိမိ အကြိုက်ဆောင်လိုသည့် လူမှုကွန်ယက် အသုံးပြုသူများ၏ လိုအပ်ချက်ကို ပြည့်မီရမည်။ မိမိ သို့မဟုတ် လုပ်ငန်း၏ အရေးပါပုံများကို မြင်သာအောင် ထုတ်ပြန်ထားသင့်သည်။ ထို့ထက်ပိုမို လူသိများလိုပါက မိမိဝေမျှလိုသည့် အကြောင်းအရာ၏ ရှေ့တွင် # (hashtags) ပြုလုပ်၍ ဖော်ပြမည်ဆိုလျှင် ပို၍ရှာရလွယ်ကူကာ လူသိလည်း ပိုများလာမည်ဖြစ်သည်။ ဥပမာ - #jobs, #marketingjobs, #accountant,  #Myanmar, #popular အစရှိသဖြင့် ပြုလုပ်နိုင်သည်။

 ဒါမှသာ မိမိတို့၏ လူမှုကွန်ယက်များကို အသုံးပြုမှုသည် ပြည့်စုံ၍ အကြိုက်ဆောင်နိုင်သည့် အနေအထားရှိသော စရိုက်လက္ခဏာများနှင့် အောင်မြင်မှုကို ရရှိနိုင်မည်ဖြစ်သည်။

ဒီလိုပြည့်စုံစွာ ဖြည့်စွက်နိုင်သည့် အလွယ်ကူဆုံးနှင့် လူကြိုက်အများဆုံး လူမှုကွန်ယက်သည် LinkedIn လူမှုကွန်ယက်ဖြစ်သည်။ Facebook နှင့် Twitter တို့ကိုမူ အသုံးပြုသူ အကြိုက်ဆောင်ရန် နှင့် မိမိပုံရိပ်မြှင့်တင်ရန်အတွက် ပိုမိုအသုံးပြုစေလိုသည်။ ထိုသို့ သိသာကွဲပြားစွာ အသုံးပြုခြင်းဖြင့် မိမိလိုအပ်ချက်များကို ပြည့်မီနိုင်ပါစေလို့ www.jobsinyangon.com (www.jobless.com.mm) မှ ဆုတောင်းပေးလိုက်ရပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly