တာလီဘန်ခေါင်းဆောင်သစ် ခန့်အပ်

တာလီဘန်ခေါင်းဆောင်သစ် ခန့်အပ်

ကဘူးလ်၊ မေ ၂၅ ။                ။ အမေရိကန်လေကြောင်းတိုက်ခိုက်မှုတွင် သုတ်သင်ခံလိုက်ရသည့် အာဖဂန်နစ္စတန် တာလီဘန်ခေါင်းဆောင် မူလက်ရှ်အက်ခတာမန်ဆောနေရာတွင် တာလီဘန်ခေါင်းဆောင်သစ်အား ခန့်အပ်ကြေညာသည်။

တာလီဘန်အဖွဲ့က ထုတ်ပြန်ချက်တွင် မန်ဆောသေဆုံးကြောင်းကို ပထမဆုံးအဖြစ် ဝန်ခံထားပြီး ၎င်း၏ နေရာတွင် ဆက်ခံသည့် ခေါင်းဆောင်အဖြစ် မောလဝီဟိုင်ဘတ်တူလက်ရှ်အက်ခန်ဇာဒါအား ခန့်အပ်ကြောင်း ကြေညာထားသည်။

မန်ဆောသည် ပါကစ္စတန်နိုင်ငံ ဘယ်လိုချီစတန်ပြည်နယ်နယ်စပ်တွင် မေ ၂၁ ရက်က ကားဖြင့် သွားနေစဉ် လေကြောင်းတိုက်ခိုက်ခံရကာ သေဆုံးခြင်းဖြစ်သည်။

အမေရိကန်အတွက် မန်ဆောက  ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly