ကလေး-ဂန့်ဂေါ-ဟားခါးလမ်း ခြောက်တန်အထက်ယာဉ်များ သွားလာခွင့် ခေတ္တပိတ်ထား

ကလေး-ဂန့်ဂေါ-ဟားခါးလမ်း ခြောက်တန်အထက်ယာဉ်များ သွားလာခွင့် ခေတ္တပိတ်ထား
ချင်းတောင်တန်းကိုတက်သည့် လမ်းပိုင်းတစ်ခု။ (ဓာတ်ပုံ- MOI)

ရန်ကုန်၊ မတ် ၂၄ ။  ။ ချင်းပြည်နယ်အတွင်း မြေပြိုမှုများကြောင့် ကလေး-ဂန့်ဂေါ-ဟားခါးမှ ချင်းတောင်တန်းတက်သည့်လမ်းကို ခြောက်တန် အထက် ယာဉ်များကို မေလ ၂၃ရက်ကစပြီး ဝင်ခွင့်မပေးတော့ကြောင်းဟု ချင်းပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ် နှင့် စက်မှုလက်မှုဝန်ကြီး ဆလိုင်းအိုက်ဇက်ခင်က မဇ္ဈိမကို ပြောသည်။ 

“အရေးကြီးအဆင့်နေ အခုကသတိထားရမယ့်အဆင့်ကိုရောက်နေတယ်။ ပြင်ဆင်မှုအနေနဲ့  ခြောက်တန်အထက်ဆို လမ်းကမနိုင်ဘူးလေ။ လမ်းပိတ်တာတွေ ယာဉ် အန္တရာယ်ရှိတဲ့အတွက် ပိတ်ထားတယ်၊  ပြင်ဆင်ထားတဲ့ အခြေနေပေါ့”ဟု ၎င်းကပြောသည်။

ချင်းပြည်နယ်၏ ရာသီဥတုအခြေအနေအရ သတိထားရမည့်အဆင့်ကို ရောက်နေသည့်အတွက် အန္တရာယ်ရှိတာကတစ်ကြောင်း၊ ပြင်ဆင်မှုတွေ ပြုလုပ်နေချိန်၌ ခြောက်တန်အထက် ယာဉ်တွေကို တက်ခွင့်ပေးမည်မဟုတ်ကြောင်း ၎င်းက ပြောသည်။ 

ရာသီဥတုအခြေနေပေါ်မှုတည်၍ ယာဉ်ဖြတ်သန်းခွင့်ကို ပြန်လည်ဖွင့်ပေးမည်ဟု ၎င်းက ဆက်ပြောသည်။

ချင်းပြည်နယ်သည့် မိုးကာလအတွင်း ရာသီဥတုအခြေနေဆိုးရွာမှုကြောင့်  စာနပ်ရိက္ခာ ပျက်တောက်နိုင်သည့်အတွက် ကြိုတင် ပြင်ဆင်မှုအနေဖြင့်  မြို့နယ်အုပ်ချုပ်ရေးပိုင်းနှင့် ချိတ်ဆက်၍  ဟားခါးမြို့တွင် ဆန်အိတ် ၂၀၀၊  ဖလန်းမြို့တွင် ဆန်အိတ် ၅၀၀၊ တီးတိန်မြို့တွင် ဆန် အိတ် ၅၀၀၊ မတူပီမြို့တွင် ဆန်အိတ် ၂၀၀ကို မတ်လ ၂၂ရက်က ပို့ဆောင်ထားသည်ဟု သိရသည်။ 

ချင်းပြည်နယ်တွင် သဘာဝဘေးအတွက် ကြိုတင်ပြင်ဆင်မှု တစ်ခုအနေဖြင့် သဘာဝဘေးအန္တရာယ် ကွတ်ကဲရေးရုံးကို ပြည်နယ်ဝန်ကြီးနှစ်ဦးက တိုက်ရိုက်စီမံခန့်ခွဲရန် ဖွဲ့စည်းထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly