ဂျူဗင်တပ်စ်အသင်းနှင့် နောက်ခံလူအီဗရာတို့ ၂ နှစ်စာချုပ်သက်တမ်းတိုးရန် သဘောတူညီမှု ရရှိ

ဂျူဗင်တပ်စ်အသင်းနှင့် နောက်ခံလူအီဗရာတို့ ၂ နှစ်စာချုပ်သက်တမ်းတိုးရန် သဘောတူညီမှု ရရှိ

မေ ၂၄၊ တူရင် ။              ။ ပြင်သစ်လက်ရွေးစင်နောက်ခံကစားသမား အီဗရာသည် စီးရီးအေချန်ပီယံ ဂျူဗင်တပ်စ်အသင်းနှင့် ၂ နှစ် စာချုပ်သက်တမ်းတိုးရန် သဘောတူညီမှု ရရှိသွားခဲ့ပြီ ဖြစ်သည်။

အသက် ၃၅ နှစ်အရွယ်ရှိ အီဗရာသည် ၂၀၁၄ ခုနှစ်က မန်ယူအသင်းမှ ဂျူဗင်တပ်စ်အသင်းသို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ရောက်ရှိလာခဲ့သူဖြစ်ပြီး အီတလီကလပ်အသင်းနှင့်အတူ အောင်မြင်မှုများ ရရှိနေသူ ဖြစ်သည်။

'အသင်းနဲ့ သဘောတူညီမှု ရရှိခဲ့ပါတယ်။ ဂျူဗင်တပ်စ်အသင်းမှာ နောက်ထပ် ၂ နှစ် ဆက်ရှိနေဦးမှာပါ' ဟု အီဗရာက La Gazzetta dello Sport သို့ ပြောကြားခဲ့သည်။

အီဗရာသည် ပြီးခဲ့သည့်ရာသီက ဂျူဗင်တပ်စ်အသင်းအတွက် ၃၅ ပွဲပါဝင်ကစားပေးခဲ့ပြီး ၂ ဂိုးသွင်းယူနိုင်ခဲ့သည်။ စီးရီးအေ ၃၈ ပွဲတွင် ပေးဂိုး ၂၀ သာပေးခဲ့ရခဲ့သည့် ဂျူဗင်တပ်စ်အသင်း၏ခံစစ်တွင် အဓိက အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်ခဲ့သူဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly