အိန္ဒိယက နိုင်ငံသားများအား လစ်ဗျားသို့ သွားရောက်ခြင်းအကန့်အသတ်မရှိ ပိတ်ပင်

အိန္ဒိယက နိုင်ငံသားများအား လစ်ဗျားသို့ သွားရောက်ခြင်းအကန့်အသတ်မရှိ ပိတ်ပင်

နယူးဒေလီ၊ မေ ၂၄ ။            ။ ဖြစ်လာနိုင်သည့် လုံခြုံရေးခြိမ်းခြောက်မှုများကြောင့် နိုင်ငံသားများအနေဖြင့် မည်သည့်အကြောင်းနှင့်မျှ လစ်ဗျားနိုင်ငံသို့ သွားရောက်ခြင်းမပြုရန် အိန္ဒိယနိုင်ငံတွင် ပိတ်ပင်လိုက်ပြီဖြစ်သည်။

 အကန့်အသတ်မရှိ လစ်ဗျားသို့ သွားလာခွင့်ပိတ်ပင်ခြင်းကို နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ်စောင်ထုတ်ခဲ့သည်။

 ၂၀၁၁ ခုနှစ်အတွင်း လစ်ဗျားနိုင်ငံတွင် အဓိကရုဏ်များမဖြစ်ပွားမီ ဆေးရုံများ၊ စာသင်ကြားရေးဌာနများနှင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်တို့တွင် သွားရောက်လုပ်ကိုင်နေကြသည့် အိန္ဒိယနိုင်ငံသားပေါင်း ၁၈၀၀၀ ဝန်းကျင်ရှိသည်။

 ပဋိပက္ခများစတင်ဖြစ်ပွားလာ၍ ထောင်ပေါင်းများစွာ ရွှေ့ပြောင်းခဲ့ကြရသည်။

 အိုင်အက်စ်အဖွဲ့၏ ကျုးကျော်မှုများ ချဲ့ထွင်ခြင်းနှင့်အတူ အကြမ်းဖက်တိုက်ခိုက်မှုများ ပြီးခဲ့သည့်သီတင်းပတ်များအတွင်း တိုးမြင့်ဖြစ်ပွားလာခြင်းကြောင့် ယခုကဲ့သို့ပိတ်ပင်ချက်အား မေ ၂၃ ရက်က ထုတ်ပြန်လိုက်ခြင်းဖြစ်ဖွယ်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly