ဗြိတိန် ဒါရိုက်တာ ကန်လို့ရှ် ကိန်းစ်ရုပ်ရှင်ပွဲတော်တွင် Plame d’Or ဆု ရရှိ

ဗြိတိန် ဒါရိုက်တာ ကန်လို့ရှ် ကိန်းစ်ရုပ်ရှင်ပွဲတော်တွင် Plame d’Or ဆု ရရှိ

နယူးယော့ခ်၊ မေ ၂၃ ။              ။ ဗြိတိန်ဒါရိုက်တာ ကန်လို့ရှ်၏ ရုပ်ရှင်ကား “I, Daniel Blake” သည် ကိန်းရုပ်ရှင်ပွဲတွင် Plame d’Or ဆု ရရှိခဲ့ကြောင်းနှင့် ၂၀၀၆ ခုနှစ်ကလည်း ကိန်းရုပ်ရှင်ပွဲတော်တွင် “The Wind That Shakes the Barley”  ရုပ်ရှင်ကားဖြင့် အကောင်းဆုံး ဓာတ်ပုံဆုအတွက် Plame D’Or ဆုကို ရရှိခဲ့ပြီး ယခုတစ် ကြိမ်သည် ကန်လို့ရှ်အတွက် ဒုတိယအကြိမ်မြောက် ရရှိခြင်းဖြစ်သည်။

အသက် ၇၉ နှစ်အရွယ်ရှိ ကန်လို့ရှ်သည် ကိန်းစ်ရုပ်ရှင်ပွဲတွင် ထိပ်တန်းဆုကို နှစ်ကြိမ် ရရှိ သည့် ဒါရိုက်တာ ကိုးဦးအနက် တစ်ဦးအပါအဝင် ဖြစ်သည်။ “အနုပညာအဖွဲ့သားတွေ ၊ စာရေးဆရာ ပူလ်လာဗာတီ ၊ ထုတ်လုပ်သူ ရီဘက်ကာအိုဘရိန် နဲ့ အခြားသူအားလုံးကို ကျေးဇူးတင်ပါတယ်။ ကိန်းရုပ်ရှင်ပွဲတော် ဖြစ်မြောက်အောင် လုပ်ဆောင်ပေးတဲ့သူတွေကိုလည်း ကျေးဇူးတင်ပါတယ်” ဟု ကန်လို့ရှ်က ပြောကြားခဲ့သည်။

“I, Daniel Blake” ရုပ်ရှင်ကားသည်   နယူးကာစတဲလ်မြို့ အရှေ့မြောက်ပိုင်းတွင် ဗြိတိန်နိုင် ငံ၏ လူမှု့လုံခြုံရေးစနစ်က ဖိနှိပ်ခံ လက်သမားတစ်ဦးနှင့် ကလေးနှစ်ယောက်မိခင်ကို ဆင်းရဲတွင်းသို့ ရောက်အောင် ဘယ်လို ပို့ဆောင်ပေးသည်ဆိုသည်ကို သရုပ်ဖော်ထားသည့် ရုပ်ရှင်ကားဖြစ်သည်။

၂၀၁၄ ခုနှစ်က “ Mommy”  ရုပ်ရှင်ကားဖြင့်  Jury Prize ဆုကို ရရှိထားသော ကနေဒါ ဒါရိုက်တာ Xavier Dolan သည် ယခုနှစ်တွင် “Juste la Fin du Monde” ရုပ်ရှင်ကားဖြင့် Grand Prix ဆုကို ရရှိခဲ့သည်။ ဗြိတိန်ဒါရိုက်တာ အန်ဒရာ အာနိုးသည် “American Honey” ရုပ်ရှင်ကားဖြင့် Jury Prize ဆုကို ရရှိခဲ့ပြီး “Personal Shopper” ရုပ်ရှင်ကား ဒါရိုက်တာ အိုလစ်ဗာအက်ဆေးနှင့် “Bacalaureat” ရုပ်ရှင်ဒါရိုက်တာ ခရစ်စတင်မန်ဂူတို့သည် အကောင်းဆုံး ဒါရိုက်တာဆုကို ရရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly