Terre Dance အကအဖွဲ့မှ Autarcie အကဖြင့် ဖျော်ဖြေမည်

Terre Dance အကအဖွဲ့မှ Autarcie အကဖြင့် ဖျော်ဖြေမည်

ရန်ကုန်၊ မေ ၂၀ ။   ။ ပြင်သစ်အကအဖွဲ့ Terre Danceက Autarcie အမည်ရှိ Hip Hop ဂီတလွှမ်းမိုးထားသည့် တမူထူးခြားသော ကပွဲလေးကို မေလ ၂၄ ရက် ည ၇နာရီတွင် ရန်ကုန်မြို့ ရှိ အမျိုးသားကဇာတ်ရုံတွင် ဖျော်ဖြေတင်ဆက်မည် ဖြစ်သည်။ 

အဆိုပါ ကပွဲတွင် အမျိုးသမီးအကပညာရှင် (၄) ယောက်မှ Break Dance ၊ Popping နှင့် Waackingအကများကို မြိုင်မြိုင်ဆိုင်ဆိုင် ကပြဖျော်ဖြေသွားမည်ဖြစ်ပြီး မိနစ် ၅၀ကြာမည်ဟု သိရသည်။ 

ဖွင့်ပွဲအစီအစဉ်အဖြစ် Myanmar Street Dance အဖွဲ့မှ တင်ဆက်ကပြမည် ဖြစ်သည်။ 

အကအဖွဲ့ကို ဦးဆောင်သော ပြင်သစ်အကပညာရှင် Anne Nguyen သည် ၂၀၁၃ခုနှစ်တွင် တက်သစ်စအကပါရမီရှင် SACD ဆုကို ရရှိထားသူဖြစ်ပြီး ၂၀၀၅ ခုနှစ်တွင် Terre Dance အကအဖွဲ့ကို တည်ထောင်ခဲ့သူလည်းဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly