ပတ်ဝန်းကျင် ထိန်းသိမ်းရေး တိုက်တွန်းပြောကြားလေ့ရှိသူ လီယိုနာဒို အပြောနှင့်အလုပ် မညီကြောင်း ဝေဖန်ခံရ

ပတ်ဝန်းကျင် ထိန်းသိမ်းရေး တိုက်တွန်းပြောကြားလေ့ရှိသူ လီယိုနာဒို အပြောနှင့်အလုပ် မညီကြောင်း ဝေဖန်ခံရ

မေ ၂၂ ။               ။ ကမ္ဘာကျော် သရုပ်ဆောင် လီယိုနာဒိုဒီကာပရီယိုသည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး တိုက်တွန်းပြောကြားလေ့ရှိသူ တစ်ဦး ဖြစ်သော်လည်း နယူးယောက်တွင် သဘာဝပတ်ဝန်းကျင် ဆု တစ်ခု လက်ခံရယူရန်အတွက် သီးသန့် ဂျက်လေယာဉ်တစ်စီးကို အသုံးပြုခဲ့သဖြင့် အပြောနှင့် အလုပ် မညီကြောင်း ဝေဖန်မှှုများ ထွက်ပေါ်လျက်ရှိသည်။

သီးသန့် ဂျက်လေယာဉ်ကို အသုံးပြုခြင်းသည် ကာဗွန်ဒိုင်အောက်ဆိုဒ် အများအပြား ထုတ်လွှတ်ခြင်းကြောင့် ဝေဖန်ကြခြင်းဖြစ်သည်။

အသက် ၄၁ နှစ်အရွယ် မင်းသား လီယိုနာဒိုသည် ယခုအပတ်ထဲတွင် ရုပ်ရှင်ပွဲတော် ကျင်းပ ပြုလုပ်ရာ Cannes တွင် ရှိနေခဲ့ကာ၊ ထို့နောက်တွင် သဘာဝပတ်ဝန်းကျင်ဆု လက်ခံရယူရန်အတွက် နယူးယောက်မြို့သို့ ဂျက်လေယာဉ်ဖြင့် ထွက်ခွာခဲ့ခြင်း ဖြစ်ကြောင်း Page Six ဝက်ဘ်ဆိုဒ်က ရေးသား ဖော်ပြခဲ့သည်။

ထို့နောက်တွင်မူ နောက်ထပ် သီးသန့် ဂျက်လေယာဉ်တစ်စီးဖြင့် ပြင်သစ်သို့ ပြန်လာကာ amfAR ပွဲကို တက်ရောက်ခဲ့ကြောင်း ထိုဝက်ဘ်ဆိုဒ်က ရေးသားဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly