အာဖဂန်နစ္စတန် တာလီဘန်ခေါင်းဆောင်အား လေကြောင်းတိုက်ခိုက်မှုအတွင်း သုတ်သင်လိုက်နိုင်ဖွယ်ရှိ

အာဖဂန်နစ္စတန် တာလီဘန်ခေါင်းဆောင်အား လေကြောင်းတိုက်ခိုက်မှုအတွင်း သုတ်သင်လိုက်နိုင်ဖွယ်ရှိ

ကဘူးလ်၊ မေ ၂၂ ။                ။ အာဖဂန်နစ္စတန်မှ တာလီဘန်ခေါင်းဆောင် မူလက်ရှ်အက်ခတာမန်ဆောအား အမေရိကန်လေကြောင်းထိုးစစ်အတွင်း သုတ်သင်လိုက်နိုင်ဖွယ်ရှိကြောင်း အမေရိကန်တာဝန်ရှိသူများက ပြောသည်။

အာဖဂန်နယ်စပ်အနီး ပါကစ္စတန်အစွန်ဖျားဒေသတွင် မန်ဆောနှင့်အတူ အခြားအမျိုးသားတိုက်ခိုက်ရေးသမားတစ်ဦးတို့ ယာဉ်တစ်စီးဖြင့် သွားနေစဉ် ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ဆိုသည်။

မန်ဆောကို ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်နိုင်ကြောင်းကို ပင်တဂွန်က အတည်ပြုသော်လည်း ရလဒ်ကို အကဲဖြတ်တွက်ချင်လျက်ရှိနေဆဲဖြစ်သည်။

မန်ဆောသည် တာဘီဘန်တည်ထောင်သူ ဝါဒရေးရာအကြီးအကဲ မူလက်ရှ်မိုဟာမတ်အိုမာနေရာတွင် ၂၀၁၅ ဇူလိုင်လအတွင်းက အစားထိုးဆက်ခံခဲ့သူဖြစ်သည်။

ယခုလေကြောင်းတိုက်ခိုက်မှုကို အာမတ်ဝယ်မြို့အနီး မေလ ၂၁ ရက် နေ့လည် ၃ နာရီဝန်းကျင်၌ သမ္မတအိုဘားမား၏ လုပ်ပိုင်ခွင့်ပေးခြင်းဖြင့် ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်သည်။

ယင်းလေကြောင်းတိုက်ခိုက်မှုဖြစ်ပွားကြောင်းကို ပါကစ္စတန်နှင့် အာဖဂန်နစ္စတန် နှစ်နိုင်ငံစလုံးကလည်း အတည်ပြုသည်။

"လေကြောင်းတိုက်ခိုက်ခဲ့တာက ရလဒ်ဘယ်လိုထွက်ပေါ်တယ်ဆိုတဲ့အပေါ်မှာ အကဲဖြတ်နေတုန်းရှိပါတယ်။ တကယ်လို့ အတည်ပြုနိုင်ရင် နောက်မှာ သတင်းအချက်အလက်တွေ ထပ်ပေးနိုင်မှာဖြစ်ပါတယ်။"ဟု ပင်တဂွန်ပြောရေးဆိုခွင့်ရှိသူ ပီတာကွတ်က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly