လုပ်ငန်းသုံးယာဉ်/ယန္တရားများအား နယ်စပ်မှ ပြန်လည်တင်သွင်းခွင့်ပြု

လုပ်ငန်းသုံးယာဉ်/ယန္တရားများအား နယ်စပ်မှ ပြန်လည်တင်သွင်းခွင့်ပြု

လုပ်ငန်းသုံးယာဉ်/ယန္တရားများ (Pick Up မပါ)အား နယ်စပ်ကုန်သွယ်ရေးစခန်းများမှ တင်သွင်းနိုင်ရန် မေလ ၂၃ရက်မှ စကာ သွင်းကုန်လိုင်စင်များ ထုတ်ပေးမည်ဟု မေ ၂၀ရက်က ထုတ်ပြန်လိုက်သည်။ 

ယင်းအကြောင်းကြားစာကို စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ကုန်သွယ်ရေးဦးစီးဌာနက ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ 

ယင်းယန္တရားများကို မူဆည် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်၊ မြဝတီ ကုန်သွယ်ရေးဇုန် နှင့် တာချီလိတ် ကုန်သွယ်ရေးစခန်းတို့မှ တင်သွင်းခွင့် ပြုမည်ဖြစ်သည်။

လုပ်ငန်းရှင်များအနေဖြင့် သွင်းကုန်လိုင်စင်များ လျှောက်ထားနိုင်ရန် လုပ်ငန်းသုံးယာဉ် ယန္တရားများ တင်သွင်းနေသည့် ကုမ္ပဏီများသို့ အသိပေး အကြောင်းကြားနိုင်ရန် စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ကုန်သွယ်ရေးဦးစီးဌာနက နယ်စပ်ကုန်သည်ကြီးများ အသင်းများထံ ညွှန်ကြားထားခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly