Samsung နှင့် Ooredoo Myanmar 4G ကွန်ယက် နည်းပညာဆိုင်ရာမိတ်ဖက်အဖြစ်ပူးပေါင်း

Samsung နှင့် Ooredoo Myanmar 4G ကွန်ယက် နည်းပညာဆိုင်ရာမိတ်ဖက်အဖြစ်ပူးပေါင်း

ရန်ကုန်၊ မေ ၂၀ ။            ။ Samsung Myanmar မှ Ooredoo Myanmar နှင့် 4G ကွန်ယက် နည်းပညာဆိုင်ရာမိတ်ဖက်အဖြစ် ပူးပေါင်းဆောင်ရွက်လိုက်ပြီဟု သတင်းထုတ်ပြန်လိုက်သည်။

Ooredoo ၏ 4G ကွန်ယက်စနစ်အား စတင်မိတ်ဆက်စဉ်ကာလအစောပိုင်းတွင် ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့၌ အသုံးပြုနိုင်မည်ဖြစ်သည်ဟုလည်းသိရသည်။

Samsung Myanmar သည် အဆိုပါ 4G (LTE) စမတ်ဖုန်းအမျိုးအစားနှင့် ထုတ်ကုန်များကိုလည်း မြန်မာနိုင်ငံရှိသုံးစွဲသူတို့အား မိတ်ဆက်ပေးသွားမည်ဟုလည်း အဆိုပါထုတ်ပြန်ချက်အရသိရသည်။

မြန်မာနိုင်ငံတွင် လက်ရှိရရှိနိုင်သော Samsung LTE ထုတ်ကုန်ပစ္စည်းများမှာ GALAXY S6 Edge Plus, GALAXY S6 Edge (64GB) (32GB), GALAXY S6, GALAXY S7 Edge, GALAXY S7, GALAXY Note 5, GALAXY A7 2016, GALAXY A5 2016, GALAXY J7 2016,  GALAXY On7,  GALAXY J2, TabA 8,  TabA 9.7,  TabS2 8 နှင့် TabS2 9.7 တို့ဖြစ်သည်ဟု သိရသည်။

“အခုလိုမော်ဒန်ခေတ်ကြီးမှာ သုံးစွဲသူတွေရဲ့ အမြဲပြောင်းလဲနေတဲ့ လိုအပ်ချက်တွေအတွက် အဆင့်မြှင့်တင်ထားတဲ့ နည်းပညာသစ်ပေါင်းများစွာကို ကျွန်တော်တို့ Samsung က တီထွင်ဆန်းသစ်ဖန်တီးနေပါတယ်။” ဟု Samsung Myanmar ၏ Head of IT & Mobile ကိုဇာနည်ဝင်းထက်မှ ပြောသည်။

4G ဆိုသည်မှာ “စတုတ္ထမျိုးဆက် ဆယ်လူလာဆက်သွယ်ရေးစနစ်” အား အတိုကောက်ခေါ်ဝေါ်သည့် အသုံးအနှုန်းဖြစ်သည်။ 4G ကွန်ယက်စနစ်၏ အားသာချက်မှာ 3G ကွန်ယက်နှင့် နှိုင်းယှဉ်လျှင် အင်တာနက်မြန်နှုန်းမှာ ပိုမိုမြန်ဆန်မည်ဖြစ်ပြီး 4G ကွန်ယက်ကို အသုံးပြုသူများအနေဖြင့် မိုဘိုင်းနှင့် website ဝင်ရောက်အသုံးပြုမှုများ၊ ဗီဒီယိုခေါ်ဆိုမှုများ၊ အရည်အသွေးမြင့် မိုဘိုင်းတီဗွီကြည့်ရှုမှုများ၊ နောက်ဆုံးပေါ်ဂိမ်းများကစားခြင်း၊ Cloud Computingနှင့် အခြားသော ဝန်ဆောင်မှုများကို ရယူရာတွင် ပိုမိုကောင်းမွန်သည့်အတွေ့အကြုံသစ်များ ရရှိနိုင်မည်ဖြစ်သည် ဟု ၎င်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly