လူမည်းအမျိုးသမီးကို ရဲက ပစ်သတ်မှု ဖြစ်ပွားခဲ့ပြီးနောက် ဆန်ဖရန်စစ္စကို ရဲတပ်ဖွဲ့အကြီးအကဲ ရာထူးမှ နှုတ်ထွက်

လူမည်းအမျိုးသမီးကို ရဲက ပစ်သတ်မှု ဖြစ်ပွားခဲ့ပြီးနောက် ဆန်ဖရန်စစ္စကို ရဲတပ်ဖွဲ့အကြီးအကဲ ရာထူးမှ နှုတ်ထွက်

မေ ၂၀ ။             ။ အမေရိကန်နိုင်ငံတွင် ပြီးခဲ့သည့်နှစ်ပိုင်းအတွင်းက လူမည်းများ ရဲများ၏ ပစ်ခတ်ခံရကာ သေဆုံးမှုဖြစ်စဉ်များကြောင့် လူမျိုးရေးပြဿနာရပ်များရှိထားခဲ့ရာ ယခုအခါတွင်လည်း လူမည်းအမျိုးသမီးတစ်ဦးကို ရဲအရာရှိတစ်ဦးက ပစ်ခတ်ဖမ်းဆီးခဲ့မှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ဆန်ဖရန်စစ္စကို ရဲတပ်ဖွဲ့အကြီးအကဲ ရာထူးမှ နှုတ်ထွက်ခဲ့ရသည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြသည်။ အဆိုပါလူမည်းအမျိုးသမီးမှာ ကားတစ်စီးကို ခိုးယူမောင်းနှင်လာသည်ဟု ယူဆရသောကြောင့် ယခုကဲ့သို့ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပစ်ခတ်ဖမ်းဆီးခဲ့စဉ် သေဆုံးသွားခဲ့ကြောင်း သိရသည်။

ယခု ကိစ္စရပ်ပေါ်ပေါက်လာပြီးနောက်ပိုင်း နာရီပိုင်းအကြာမှာပင် ဆန်ဖရန်စစ္စကို ရဲတပ်ဖွဲ့ အရာရှိချုပ်ဖြစ်သူ ဂရက်ချ် ဆက် မှာ မြို့တော်ဝန် အက်ဒ်လီ၏ ရှေ့တွင် ရာထူးမှ နှုတ်ထွက်ကြောင်း   ပြောကြားသွားခဲ့သည်။

ယင်းနိုင်ငံတွင် လူမည်းများကို ရဲများက ပစ်သတ်မှုဖြစ်စဉ် တစ်ခုတည်းမနည်း ဖြစ်ပွားထားခဲ့ပြီးနောက် လူဖြူ၊ လူမည်း ခွဲခြားဆက်ဆံခံရမှု ဆိုင်ရာ ပြင်းထန်သည့် ဝေဖန်တိုက်ခိုက်မှုများ   ပေါ်ပေါက်လာနေခြင်းကြောင့် ယခုကဲ့သို့ ရဲတပ်ဖွဲ့အကြီးအကဲ နှုတ်ထွက်ရန် ဆန်ဖရန်စစ္စကို မြို့တော်ဝန်က ညွှန်ကြားခဲ့ခြင်းဖြစ်သည်။

" ဘာအတွက်ကြောင့် လူမည်းတွေကို အမေရိကန် ရဲတွေက ပစ်သတ်နေရတာလဲ? ၊ ဒီလို ပစ်လိုက်လို့ နိုင်ငံတစ်ဝန်း ဆန္ဒပြမှုတွေ ဖြစ်လာနိုင်တယ်ဆိုတာ မသိကြဘူးလား? " ဆိုသည့် ပြောကြားချက်များ ထွက်ပေါ်လာခြင်းကြောင့် ယခုကဲ့သို့ ရဲတပ်ဖွဲ့အကြီးအကဲတစ်ဦးကို တာဝန်ယူရန် မြို့တော်ဝန်က တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

ယခုကဲ့သို့ ရဲအရာရှိချုပ် နှုတ်ထွက်လိုက်ခြင်းက မြို့တွင်းမှာ လူမျိုးရေး ပဋိပက္ခတွေ ဖြစ်မလာအောင် ကုစားပေးနိုင်မည်ဟု မျှော်လင့်ကြောင့် ဆန်ဖရန်စစ္စကို မြို့တော်ဝန်က ပြောကြားသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly