ပျောက်ဆုံးနေသော အီဂျစ်လေယာဉ် မြေထဲပင်လယ်တွင် ပျက်ကျသွားပြီဟု အီဂျစ်လေကြောင်းအာဏာပိုင်များ ပြော

ပျောက်ဆုံးနေသော အီဂျစ်လေယာဉ် မြေထဲပင်လယ်တွင် ပျက်ကျသွားပြီဟု အီဂျစ်လေကြောင်းအာဏာပိုင်များ ပြော

မေ ၁၉ ။                ။ မေလ ၁၉ ရက်က ပျောက်ဆုံးနေခဲ့သော ခရီးသည် ၆၆ ဦး နှင့် အမှုထမ်း ဆယ်ဦးအား တင်ဆောင်သွားသော အီဂျစ်လေယာဉ်မှာ ယခုအခါ မြေထဲပင်လယ်တွင်းသို့ ပျက်ကျသွားခဲ့ပြီဖြစ်ကြောင်း အီဂျစ် လေကြောင်းအာဏာပိုင်များက ထုတ်ပြန်ပြောကြားသည်။

လေယာဉ်ပျက်ကျရသည့်အကြောင်းရင်းမှာ နည်းပညာချို့ယွင်းချက်ကြောင့် သို့မဟုတ်အကြမ်းဖက်တိုက်ခိုက်မှုကြောင့်လား ဆိုသည်ကို ထုတ်ပြောနိုင်ရန် စောနေသေးကြောင့် အီဂျစ် ဝန်ကြီးချုပ် ရှာရစ် အစ္စမေးလ်က ပြောသည်။

အီဂျစ်လေကြောင်းလိုင်းမှ လေယာဉ်အမှတ် ၈၀၄ သည် ဒေသစံတော်ချိန် နံနက် ၂ နာရီ ၄၅ မိနစ်က ရေဒါမြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့ခြင်းဖြစ်ပြီး ယင်းအချိန်က အမြင့်ပေ ၃၇,၀၀၀ တွင် ပျံသန်းနေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြင်သစ်နိုင်ငံ ပါရီမှ အီဂျစ်နိုင်ငံ ကိုင်ရိုသို့ ဦးတည်ပျံသန်းလာသော ယင်း Airbus A 320 လေယာဉ်မှာ နိုင်ငံမြောက်ပိုင်း မြေထဲပင်လယ်ဒေသမြောက်ပိုင်းကမ်းရိုးတန်းပြင်ပ ၂၈၀ ကီလိုမီတာအကွာ အီဂျစ် ဝေဟင်ပိုင်နက်တွင်းသို့ ဝင်ရောက်လာချိန်မှာပင် ပျောက်ကွယ်သွားခြင်းဖြစ်ကြောင်း အာဏာပိုင်များက ပြောကြားထားသည်။

ယင်းနောက် လေကြောင်းအာဏာပိုင်များက လေယာဉ်မှာ ပျက်ကျသွားပြီဖြစ်ကြောင်းနှင့် ယခုအခါ အပျက်အစီးများ ကို ရှာဖွေနေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly