စစ်ကိုင်းအလုပ်သမားသပိတ်ကို မြို့တော်ဝန် လာဖြေရှင်းပေးမည်

စစ်ကိုင်းအလုပ်သမားသပိတ်ကို မြို့တော်ဝန် လာဖြေရှင်းပေးမည်
ဓာတ်ပုံ-နေသာ

တပ်ကုန်းအဝင်တွင် တားဆီးခံထားရသည့် စစ်ကိုင်းအလုပ်သမားသပိတ်ကို မြို့တော်ဝန်က မေ ၁၈ရက် နေ့လည် ၁နာရီတွင် လာရောက်ဖြေရှင်းပေးမည်ဖြစ်၍ အလုပ်သမားများက ထိုနေရာတွင် ရပ်နားထားကြသည်။

မွန်းတည့်ချိန်တွင် ကားလမ်းကို တားဆီးပိတ်ဆို့ထားမှုကိုလည်း ရဲတပ်ဖွဲ့ဝင်များက ဖယ်ရှားပေးလိုက်ပြီဖြစ်သည်။

အလုပ်သမားသပိတ်ကို တားဆီး၍ မရပါ ပုဒ်မ ၁၂၇ ထုတ်ပြန်ကာ လုပ်ထုံးလုပ်နည်း နှင့်အညီ ဆောင်ရွက်မည်ဟု ခရိုင်ဥပဒေအရာရှိနှင့် ဥတ္တရခခရိုင် အုပ်ချုပ်ရေးမှူးက သပိတ်အဖွဲ့ခေါင်းဆောင်များကို ပြောကြားခဲ့သည်။

စစ်ကိုင်းသပိတ်အဖွဲ့နှင့် ရဲတပ်ဖွဲ့တို့သည် နေပြည်တော်နယ်နမိတ်အစ မိုင်တိုင် ၂၈၉ မိုင်တွင် ထိပ်တိုက်တွေ့ဆုံနေပြီး ရဲတပ်ဖွဲ့ဝင်များ နေပြည်တော်အတွင်းသို့လုံးဝ အဝင်မခံနိုင်ကာ လူစုခွဲရန် လော်စပိကာဖြင့် ကြေငြာလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly