မိုးကုတ်၊ ရေပူဆရာတော်ကို ယနေ့ အမိန့်ချမည်

မိုးကုတ်၊ ရေပူဆရာတော်ကို ယနေ့ အမိန့်ချမည်
ဓာတ်ပုံ-အောင်ကိုဦး
 

သစ်တောဥပဒေ ပုဒ်မဖြင့် ဖမ်းဆီးခံထားရသည့် မိုးကုတ်မြို့၊ ရေပူဆရာတော်အား ယနေ့ ပြင်ဦးလွင်ခရိုင် တရားရုံးတွင် အမိန့်ချမည်ဖြစ်သည်။

အမိန့်ချမည်ဖြစ်သောကြောင့် မိုးကုတ်မြို့ဒေသခံများနှင့်ပြင်ဦးလွင်ဒေသခံများ၊ ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့စည်းတို့ မေလ ၁၈ ရက်၊ နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် လာရောက်စောင့်နေကြသည်ကို တွေ့ရသည်။

ဆရာတော်သည် ဇွန်လ (၉) ရက်တွင် တရားမဝင် ကျောက်မျက် တူးဖော်မှုဖြင့် လူဝတ်လဲကာ ဖမ်းဆီး အရေးယူထားပြီး၊ ဇူလိုင်လ (၁၄) ရက်တွင်မူ သစ်တော ဥပဒေပုဒ်မ (၄၂)နှင့် သာသနာ ညှိုးနွမ်းစေမှုပုဒ်မ (၂၉၅) တို့ဖြင့် ထပ်မံ တရားစွဲဆို ခံထားရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly