မြောက်ကိုရီးယားခေါင်းဆောင်နှင့် ဒေါ်နယ်ထရန့်က မျက်နှာချင်းဆိုင်ဆွေးနွေးလို

မြောက်ကိုရီးယားခေါင်းဆောင်နှင့် ဒေါ်နယ်ထရန့်က မျက်နှာချင်းဆိုင်ဆွေးနွေးလို

ဝါရှင်တန်၊ မေ ၁၈ ။                ။ မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယားစီမံကိန်းအရေးကို ခေါင်းဆောင်ကင်ဂျုံးအွန်နှင့် မျက်နှာချင်းဆိုင်ဆွေးနွေးသွားလိုသည်ဟု အမေရိကန်ရီပတ်ဘရီကန် သမ္မတလောင်း ဒေါ်နယ်ထရန့်က ပြောသည်။

“ကျွန်တော်ကတော့ သူနဲ့ စကားပြောချင်တယ်။ သူနဲ့ တွေ့ဆုံပြောဆိုဖို့ ကျွန်တော်အတွက် ဘာမှပြဿနာအခက်အခဲမရှိဘူး။”ဟု စီးပွားရေးလုပ်ငန်းရှင်ကြီး ထရန့်က ကင်ဂျုံးအွန်ကို ရည်ရွယ်၍ ပြောသည်။

ယင်းသို့သော ဆွေးနွေးပွဲသည် နိုင်ငံရေးအထီးကျန်မြောက်ကိုရီးယားနိုင်ငံအတွက် အမေရိကန်၏မူဝါဒကို ပြောင်းလဲစေနိုင်သည့် ဆွေးနွေးမှုဖြစ်မည်လည်းဖြစ်သည်။

ထရန့်၏ ယခုပြောဆိုချက်အပေါ် ဒီမိုကရက်တစ်ဖက်က ဟီလာရီကလင်တန်က ကြောင်လွန်းသည့်စိတ်ကူးစိတ်သန်းအဖြစ် ရှုတ်ချသည်။

ဟီလာရီ၏ လက်ထောက်များထံမှ ထုတ်ပြန်သည့် ကြေညာချက်တွင် ထရန့်၏ နိုင်ငံခြားရေးမူဝါဒက အသိတရားမဲ့သည်ဟု ပြောဆိုထားသည်။

ဒေါ်နယ်ထရန့်အနေဖြင့် နိုဝင်ဘာသမ္မတရွေးကောက်ပွဲမတိုင်မီ ဗြိတိန်နိုင်ငံသို့ သွားရောက်လည်ပတ်ရန်လည်း ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly