ကောင်းမွန်သည့် အုပ်ချုပ်စီမံမှု မြင့်တင်ခြင်းဆိုင်ရာ အစီအစဉ်များကို ထိရောက်စွာဆောင်ရွက်နိုင်ရန် အလုပ်ရုံဆွေးနွေးပွဲကျင်းပ

ကောင်းမွန်သည့် အုပ်ချုပ်စီမံမှု မြင့်တင်ခြင်းဆိုင်ရာ အစီအစဉ်များကို ထိရောက်စွာဆောင်ရွက်နိုင်ရန် အလုပ်ရုံဆွေးနွေးပွဲကျင်းပ

Sandhi Governance Institute မှ ကောင်းမွန်သည့် အုပ်ချုပ်စီမံမှု မြင့်တင်ခြင်းဆိုင်ရာ အစီအစဉ်များကို ထိရောက်စွာဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ Governance in 21st Century ခေါင်းစဉ်ဖြင့် နှစ်ရက်တာ အလုပ်ရုံဆွေးနွေးပွဲကို မေလ ၁၆-၁၇ ရက်နေ့တွင် ရန်ကုန်မြို့ရှိ Sandhi Governance Institute သင်တန်းကျောင်းတွင် ကျင်းပခဲ့သည်။

အဆိုပါသင်တန်းသို့ တက်ရောက်ပါဝင်ဆွေးနွေးသူ သင်တန်းသူ/သား ၃၅ ဦး ရှိပြီး တိုင်းရင်းသားပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်၊ NGO နှင့် အခြားပါတီဝင်များက အုပ်ချုပ်စီမံနှင့် ပြည်သူ့ရေးရာမူဝါဒ များကို ၂ ရက်တာအတွင်း အဓိကထား ဆွေးနွေးခဲ့သည်။ 

“ကျွန်တော်တို့ တိုင်းပြည်မှာက နှစ်ပေါင်းများစွာ ဒါတွေကိုမသိခဲ့ပါဘူး။ ကျွန်တော့်သက်တမ်းနဲ့ဆို ဒီဘာသာရပ်နာမည်တွေကို မကြားဖူးဘူး။ အခုနောက်ပိုင်း ပွင့်လင်းလာမှသာ ဒီလိုဘာသာရပ်တွေ ဝင်လာတယ်။ ဒီလိုသင်တန်းမျိုးတွေ အများကြီးလိုအပ်နေပါတယ်။” ဟု သင်တန်းတွင်လာရောက် ပါဝင်ဆွေးနွေးသူ ဦးခင်မောင်ကြည်က ပြောသည်။ 

“အကျိုးကျေးဇူးတွေအနေနဲ့တော့ လက်တွေ့လုပ်ရတဲ့အခါ ဆရာပြောတဲ့ဟာလေးတွေ စဉ်းစားမိရင် အမှတ်ရမိရင် တော်တော်လေး အကျိုးရှိမယ်လို့ ထင်ပါတယ်။” ဟု Sandhi Governance Institute မှ ဦးဆောင် ဒါရိုက်တာ ဦးခိုင်ဝင်းမှ ပြောသည်။

Sandhi Governance Institute သည် ၂၀၁၀ ခုနှစ်မှစ၍ အုပ်ချုပ်စီမံ၊ ပြည်သူ့ရေးရာမူဝါဒ သင်တန်းများကို နိုင်ငံရေးပါတီ နှင့် အရပ်ဘက်အဖွဲ့အစည်း များကိုသင်တန်းပို့ချပေးလျက်ရှိသော အဖွဲ့အစည်းတစ်ခုဖြစ်သည်။ ထို့ပြင် Budget monitoring research (သုတေသနအသေးလေးများ) အမျိုးသမီး ခေါင်းဆောင်မှုသင်တန်း များကိုလည်းပြုလုပ်ပေးလျက်ရှိသောအဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။
Sandhi Goernance Institute သည် Yangon school of political science (YSPS), Open Myanmar Initiative (OMI) (လွှတ်တော်စောင့်ကြည့်ရေးအဖွဲ့) , East Asia Institute နှင့် Renaissance Institute အစရှိသော အဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly