ရန်ကုန်မြို့တော် စည်ပင်ကော်မတီ ရွေးကောက်ခြင်းဆိုင်ရာ နည်းဥပဒေ ပြင်သည့်အပေါ် လက်မခံနိုင်ဟု ကော်မတီဝင်များရှင်း

ရန်ကုန်မြို့တော် စည်ပင်ကော်မတီ ရွေးကောက်ခြင်းဆိုင်ရာ နည်းဥပဒေ ပြင်သည့်အပေါ် လက်မခံနိုင်ဟု ကော်မတီဝင်များရှင်း

ရန်ကုန်၊ မေ ၁၇ ။              ။ မြို့တော်ဝန် ဦးမောင်မောင်စိုးမှ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအဆင့်ဆင့် ရွေးကောက်တင်မြောက်ခြင်းဆိုင်ရာ နည်းဥပဒေကို ပြင်ဆင်သည့်နည်း ဥပဒေကိုပြဌာန်းလိုက်ခြင်းမှာ တရားမဝင်သည့်အတွက် လက်ခံမည် မဟုတ်ကြောင်း ကော်မတီဝင်(၇) ဦးခင်လှိုင်က ပြောသည်။

အဆိုပါ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအဆင့်ဆင့် ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ နည်းဥပဒေကို ပြင်ဆင်သည့်ဥပဒေအား မေလ ၁၆ရက်နေ့က ရန်ကုန်တိုင်းဒေသကြီးမြို့တော်ဝန်က လက်မှတ်ရေးထိုး၍ ပြဌာန်းခဲ့ခြင်း ဖြစ်သည်။

"ကျွန်တော်တို့ ရွေးကောက်ပွဲအဆင့်ဆင့်က တက်လာတဲ့ မြို့နယ်ကော်မတီဝင်တွေ ခရိုင်ကော်မတီဝင်တွေကို ပစ် ပယ်ပြီးတော့ မင်းတို့ထွက်သွားဆိုတော့ ဒီမှာက ဘယ်သူတွေ ကျန်ခဲ့ဦးမှာလည်း။ စဉ်းစားကြည့်ပေါ့။ ဘယ်သူမှမရှိ တာ ဖြစ်တဲ့အတွက် ဌာနမှူးနဲ့ တွဲဘက်ဌာနမှူးပဲရှီတော့မယ်။ ဒီလူတွေ ဒီလိုလုပ်တာ ဘယ.်လိုလုပ်ရမလဲ။အားလုံးလည်း သိ ပြီးသားပဲ။ အဲ့တော့ အဲလိုမျိုးလုပ်လို့မရတဲ့နေရာမှာ ဒီလိုလုပ်ထားတာဖြစ်တဲ့အတွက် ဒါဟာမှားယွင်းနေပါတယ်။ အဲ တော့ နည်းဥပဒေအရပြောမယ်ဆိုရင် ကျွန်တော်တို့ ဆက်လက်တာဝန်ထမ်းဆောင်ခွင့်ရှိပါတယ်။ ပြည်သူလူထုက ရွေး ခြယ် ထားတဲ့ တာဝန်ကို ဆက်လက်ဆောင်ရွက်ပေးမှာဖြစ်ပါတယ်"ဟု ဦးခင်လှိုင်ကပြောသည်။

အဆိုပါ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲ ဥပဒေ၊နည်းဥပဒေများအရ လက်ရှိ တာဝန် ထမ်း ဆောင်နေသည့် ရွေးကောက်ခံ ကော်မတီဝင်များသည် နောက် ရွေးကော်ပွဲထပ်မ့မကျင်းပမှီအချိန်ထိ တာဝန် ထမ်းဆောင်ွင့်ရှိသည့်အတွက် ၎င်းတို့အနေဖြင့် ဥပဒေအတိုင်း ဆက်လက်တာဝန်ထမ်းဆောင်သွားမည်ဟု ဆိုသည်။

မြို့တော်ဝန်မှ ယခုလ ၁၆ရက်နေ့တွင် ပြင်ဆင်ပြဌာန်းလိုက်သည့် နည်းဥပဒေအရ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီတွင် လက်ရှိတာဝန်ထမ်းဆောင်နေကြသော ကော်မတီအဖွဲ့ဝင်များအားလုံး တာဝန်မှ ရပ်စဲခြင်းခံမည် ဖြစ် သည်။

သို့သော် ယခုပြဌာန်းလိုက်သည့် နည်းဥပဒေသည် အစိုးရသစ်ကာလအတွင်း ပြုလုပ်ရမည့် ရွေးကောက်ပွဲများအတွက် ပြင်ဆင်ခြင်းသာ ဖြစ်ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဌတစ်ဦးတည်း၏ အမိန့်ဖြင့် ပြင်ဆင်ခြင်း သည် ဥပဒေအရတရားမဝင်သည့်အတွက် တိုင်းဒေသကြီးလွှတ်တော်မှ အမြန်ဆုံးဖြေရှင်း ဆောင်ရွက်ပေးရန် တင်ပြ ထားကြောင်းလည်းဒ သိရသည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲကို ကော်မတီဝင်(၇) ဦးခင်လှိုင်က  မြို့တော်ခန်းမရှိ ၎င်းင်း၏ ရုံးခန်း၌ ပြုလုပ်ရန်စီစဉ်ထား သော်လည်း မြို့တော် ခန်းမ လုံခြုံရေးများက သတင်းမီဒီယာများအား တားဆီးပိတ်ပင်ခဲ့သည့်အတွက် သတင်းစာရှင်းလင်းပွဲပြုလုပ်မည့် ကော်မတီဝင်များနှင့် ခန်းမလုံခြုံရေးတို့အကြား ရှုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly