ထရပ်ကား သုံးစီးကို ထပ်တင်ကာ မောင်းနှင်ခဲ့သည့် တရုတ် ဒရိုင်ဘာ ဒဏ်ရိုက်ခံရ

ထရပ်ကား သုံးစီးကို ထပ်တင်ကာ မောင်းနှင်ခဲ့သည့် တရုတ် ဒရိုင်ဘာ ဒဏ်ရိုက်ခံရ

မေ ၁၇ ။       ။ အမြန်လမ်းပေါ်တွင် ထရပ်ကားသုံးစီးကို တစ်စီးပေါ် တစ်စီး ဆင့်တင်ကာ မောင်းနှင်ခဲ့သည့် တရုတ် အမျိုးသားတစ်ဦး ဒဏ်တပ်ခံခဲ့ရသည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြသည်။

တရုတ်နိုင်ငံ မြောက်ပိုင်း ရှန်ဇီ ပြည်နယ်တွင် အမြန်လမ်း ယာဉ်ထိန်းတပ်ဖွဲ့က အထက်ပါကဲ့သို့ ယာဉ်သုံးစီးကို တစ်စီးပေါ် တစ်စီး ထပ်တင်ကာ ဒရိုင်ဘာတစ်ဦးတည်း မောင်းနှင်လာသည်ကို တွေ့ရှိခဲ့ပြီးနောက် တားဆီးခဲ့သည်ဟု ဆိုသည်။ ယင်းနောက် အမည်ဖော်ပြထားခြင်းမရှိသည့် အဆိုပါ ကားဒရိုင်ဘာအမျိုးသားအား သတ်မှတ်တန်ချိန်ထက် အလွန်အကျွံ တင်ဆောင်လာမှုဖြင့် ဒဏ်ရိုက်လိုက်သည်ဟု သိရသည်။

စစ်ဆေးမေးမြန်းမှုများအရ ယင်းဒရိုင်ဘာမှာ သယ်ယူပို့ဆောင်စရိတ် မတန်မဆ ကုန်ကျနေရခြင်းမှ သက်သာစေရ်န ယခုကဲ့သို ကားသုံးစီးလုံးကို တစ်ပါတည်းပါအောင် အထက်ပါအတိုင်း တစ်စီးနှင့်တစ်စီးထပ်ကာ မောင်းနှင်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးခံခဲ့သည်။

ယခုချိန်တွင်မူ ၎င်း၏ ပို့ဆောင်ရေးစရိတ် သက်သာရေး အတွက် ရည်ရွယ်လုပ်ဆောင်ခဲ့သည့် အစီအစဉ်မှာ မအောင်မြင်ခဲ့သည့်အပြင် နောက်ထပ် ဒဏ်ကြေးငွေ ယွမ် ၂၀၀ ပါ ထပ်ဆောင်းပေးဆောင်ခဲ့သည်ဟု သိရသည်။ ယင်းအပြင် ထရပ်ကားတစ်စီးချင်းကိုလည်း ပို့ဆောင်ရမည့်နေရာသို့ တစ်ခေါက်ချင်း တစ်စီးချင်း မောင်းနှင်ပို့ဆောင်ခဲ့ရသည်ဟု ဆိုသည်။

အဆိုပါသတင်း တရုတ် နိုင်ငံပိုင် မီဒီယာများပေါ်တွင် တက်လာချိန်တွင် ကော်မန့်ပေးသူများက အမျိုးမျိုး ဝေဖန်ပြောဆိုခဲ့ကြပြီး အများစုက ယင်းလုပ်ရပ်မှာ အမြန်လမ်းပေါ်တွင် သွားလာနေသူများ၏ အသက်ကို အန္တရာယ်ဖြစ်စေနိုင်သည့် လုပ်ရပ်ဖြစ်ကြောင်းနှင့် ယခုကဲ့သို့ ဒဏ်ရိုက်ခြင်းမှာ နည်းပါးနေသေးကြောင်း ဝေဖန်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly