နေပြည်တော်ကောင်စီနယ်မြေတွင် လူကုန်ကူးမှုအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

နေပြည်တော်ကောင်စီနယ်မြေတွင် လူကုန်ကူးမှုအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

နေပြည်တော်၊ မေ ၁၆ ။              ။ နေပြည်တော် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့များက ပျဉ်းမနားမြို့နှင့် လယ်ဝေးမြို့အတွင်း အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့သည်။

လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု(၁)နေပြည်တော်မှ တပ်ဖွဲ့ဝင်များက ၂ဝ၁၆ခုနှစ် မေလ ၁၅ ရက် ညနေ ၄ နာရီ မှ ၅ နာရီအချိန်အထိ နေပြည်တော် ပျဉ်းမနားမြို့ အမှတ်(၁)မြို့မဈေးနှင့် မေလ ၁၆ ရက်နေ့ နံနက် ၇နာရီ ၃ဝမိနစ်မှ ၈နာရီ ၃ဝမိနစ်အချိန်အထိ လယ်ဝေးမြို့ သီရိရတနာမြို့မဈေးတို့၌ ဖြန့်ဝေခဲ့သည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့က အသိပညာပေးခြင်းအပြင် လူကုန်ကူးသူ ပွဲစားများကို ထိရောက်စွာအရေးယူနိုင်ရေး အတွက် ရက်(၁ဝဝ)စီမံချက်ကို ၂ဝ၁၆ခုနှစ် မေလ ၁ ရက်မှ သြဂုတ်လ ၈ ရက်နေ့အထိ အကောင်အထည်ဖော် နေခြင်းဖြစ်သည်။

ယင်းစီမံချက်အတွက် လူစည်ကားရာဈေးများ၊ ကားဂိတ်များ၊ ဘူတာရုံများ၊ လှေဆိပ်များ၊ လေဆိပ်များနှင့် နယ်စပ် ဝင်ထွက်ဂိတ်များတွင် တပ်ဖွဲ့စု၊ တပ်ဖွဲ့စိတ်များမှ သက်ဆိုင်ရာ နယ်မြေအလိုက်၂ဝ၁၆ ခုနှစ် မေလ ၁၅ ရက် မှ မေလ ၂၂ ရက် အထိ နိုင်ငံတဝန်းလုံး၌ နေ့စဉ် လူကုန်ကူးမှုအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေသွားမည်ဟု သိရသည်။

မေလ ၂၅ ရက်မှ ဇွန်လ ၂၆ ရက်နေ့အထိ ရပ်ကွက်/ကျေးရွာနေပြည်သူများ၊ ဇွန် ၂ဝ ရက်မှ ဇူလိုင် ၁ ရက်နေ့အထိ စက်ရုံ၊ အလုပ်ရုံများမှ အလုပ်သမားများ၊ ဇူလိုင် ၄ ရက်မှ ဇူလိုင် ၂၂ ရက်နေ့အထိ အလယ်တန်းနှင့် အထက်တန်းအဆင့်ကျောင်းများမှ ကျောင်းသားကျောင်းသူများ၊ ဇူလိုင် ၂၅ ရက်မှ သြဂုတ် ၅ ရက်နေ့အထိ တက္ကသိုလ်များမှ ကျောင်းသားကျောင်းသူများကို လူကုန်ကူးမှု အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly