လေလွင့်တိရစ္ဆာန်များ အဆိပ်ချသုတ်သင်ခြင်း ရပ်တန့်ပေးရန် လက်မှတ်ရေးထိုးပွဲ ကျင်းပ

လေလွင့်တိရစ္ဆာန်များ အဆိပ်ချသုတ်သင်ခြင်း ရပ်တန့်ပေးရန် လက်မှတ်ရေးထိုးပွဲ ကျင်းပ
လေလွင့်တိရစ္ဆာန်များ အဆိပ်ချသုတ်သင်ခြင်း ရပ်တန့်ပေးရန် စုပေါင်း၍ လက်မှတ်ရေးထိုးပွဲကို မေ  ၁၅ ရက် ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်တွင် ပြုလုပ်စဉ်။ ဓာတ်ပုံ- မေသဇင်ဆွေ

ရန်ကုန်၊ မေ  ၁၅။                    ။ အစိုးရမှ ရက် ၁၀၀ စီမံချက်ဖြင့် Puplice area တွင် လေလွင့်တိရစ္ဆာန်များကို အဆိပ်ချ သုတ်သင်ရှင်းလင်းခြင်းကို ရပ်တန့်ပေးရေးအတွက် တိရစ္ဆာန် ချစ်သူများ အဖွဲ့အစည်းများက စုပေါင်း၍ လက်မှတ်ရေးထိုးပွဲကို မေ  ၁၅ ရက်င ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်တွင် ပြုလုပ်ခဲ့သည်။

“အဲလို့ဖြေရှင်းတဲ့ နည်းလမ်းကို  ဆန့်ကျင်တယ်။ အစိုးရအနေနဲ့ Guideline တစ်ခုခုချပေးဖို့ သက်ဆိုင်ရာ ဌာနတွေနဲ့တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ရန်အတွက်ကို လက်မှတ်ရေးထိုးတောင်းခံဖို့” ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်းဖြစ်သည်ဟု  အထက်တန်းရှေ့နေတစ်ဦးဖြစ်သူ မမေသဇင်ဆွေက မဇ္ဈိမကိုပြောသည်။

ယင်းပွဲတွင် လက်မှတ်ရေးထိုးသူ တစ်သောင်းကျော်ခန့်ရှိပြီး မေ ၁၇ ရက်တွင် ရန်ကုန် မြို့တော်ဝန်နှင့်  စည်ပင်သာယာဌာနသို့ ကန့်ကွက်ကြောင်း တင်ပြသွားမည်ဟု ၎င်းကပြောသည်။

ဧရိယာ သက်မှတ်ထားခြင်းမရှိ ခြင်းကြောင့် တိရစ္ဆာန်များ သေဆုံးခြင်း ဖြစ်ပေါ်နေသည်ကို ကန့်ကွက်ကြောင်း နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ သက်ဆိုင်ရာ ဌာနများကို အဆိပ်မချရန် နှင့် အစိုးရနှင့် အရပ်ဖက် အဖွဲ့အစည်းများ ပူးပေါင်း၍ မှန်ကန်သည့် ဖြေရှင်းနည်း တစ်ခုပြုလုပ်ပေးရန် တောင်းဆိုမည်ဖြစ်သည်။

လက်မှတ်ထိုး ဆန္ဒခံယူပွဲကို  မေ ၁၄ ရက်နေ့မှစတင်ခဲ့ပြီး ရန်ကုန်မြို့ပေါ်ရှိ တိရစ္ဆာန်ချစ်သူများအဖွဲ့များ စုပေါင်း၍ ပြုလုပ်သွားမည် ဖြစ်သည်။

စည်ပင်သာယာဌာနမှ အာဏာပိုင်များအနေဖြင့် ခွေးလေခွေးလွင့်များကို အဆိပ်ကျွေး သုတ်သင်ရှင်းလင်းရခြင်းမှာ ခွေးရူးရောဂါ ဖြစ်ပွားမှုနှုန်း ကျဆင်းရန် အဓိက ရည်ရွယ်ထားသည်။

သို့သော် ခွေးလေလွင့်များကို အဆိပ်ကျွေးသည့် နည်းမှ ဝေဖန်မှုများ ရှိနေသည့်အတွက် မျိုးပွားနှုန်းထိန်းချုပ်သည့် အစီအစဉ်ကို စည်ပင်ဌာန နှင့် NGO အချို့၊ ခွေးချစ်သူအဖွဲ့များ ပူးပေါင်းပြီး ၂၀၁၄ခုနှစ် ဇူလိုင်လမှ စတင်ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်တိုင်းအတွင်း ခရိုင်လေးခုတွင် အရှေ့ပိုင်းခရိုင်၊ အနောက်ပိုင်းခရိုင်နှင့် တောင်ပိုင်းခရိုင်တို့တွင် လုပ်ဆောင်လျှက်ရှိသည်။

၂၀၁၃ ခုနှစ်တွင် စည်ပင်သာယာရေးကော်မတီက ချမှတ်ထားသည့် ဥပဒေတွင် Puplice area  အတွင်း ခွေးလေလွင့်မျာကြောင့်  ပြည်သူ့များ ခွေးကိုက်ခံရခြင်း၊ ကူးစက်ခံရခြင်း၊ အများပြည်သူ့များအားနှောက်ယှက်ခြင်းများရှိပါက  အဆိပ်ချ  ရှင်းလင်းရန် ဥပဒေတွင်ပါရှိသည်။

WHO  ၂၀၀၃  ခန့်မှန်တွက်ချက်မှုအရ  မြန်မာနိုင်ငံတွင် ခွေးလေခွေးလွင့်  ၃၄၈ သန်းကျော်ရှိပြီး  ၁ရာခိုင်နှုန်းထက် နည်းသော အကောင်ရေကိုသာ ခွေးရူး ကာကွယ်ဆေးထိုးနှံနိုင်ခဲ့သည်။

စည်ပင်သာယာရေး ဝန်ကြီးဌာနက သုတေသန ပြုထားသည့် စာရင်းဇယားအရ ရန်ကုန်တိုင်းတစ်တိုင်းလုံးတွင် ခွေးအကောင်ရေ ၇၃,၀၅၁ကောင်ရှိပြီး အရှေ့ပိုင်းခရိုင်တွင် ၂၄,၀၀၀ကျော်၊ အနောက်ပိုင်းခရိုင်တွင် ၁၀,၀၀၀ကျော်၊ တောင်ပိုင်းခရိုင်တွင် ၁၂,၀၀၀ကျော်နှင့် မြောက်ပိုင်းခရိုင်တွင် ၂၅,၀၀၀ကျော်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly