ဆော်ဒီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ယီမင်တွင် ၃၄ ဦးသေဆုံး

ဆော်ဒီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ယီမင်တွင် ၃၄ ဦးသေဆုံး

ဆာနာ၊ ဇူလိုင် ၄ ။       ။ ယီမင်အပေါ် ဆော်ဒီ၏ နောက်အကျဆုံးလေကြောင်းတိုက်ခိုက်မှုတစ်ခုတွင် လူ ၃၄ ဦးသေဆုံး ခဲ့ပြီး နိုင်ငံ၏ နေရာအချို့တွင် လူဒါဇင်ပေါင်းများစွာ ဒဏ်ရာရရှိခဲ့သည်။

ဇူလိုင် ၄ရက်နေ့အစောပိုင်းက ယီမင်ရှိ အယ်လ်ဟာဖာ၊ အယ်လ်ဆာဝပ်၊ ခက်ရှင်အယ်လ်ဘက္ကရာနှင့် ဂျာဘာလ်အယ်လ်နာဟ် ဒိန်းစစ်သခန်းများသို့ ဆော်ဒီစစ်လေယာဉ်များက အကြိမ်ကြိမ်တိုက်ခိုက်ခဲ့သည်။

ဆော်ဒီဂျက်တိုက်လေယာဉ်များသည် ယီမင်အနောက်ပိုင်း ဟူဒေဒါးပြည်နယ်၊ ဘေ့အယ်လ်ဖာကီခရိုင်ရှိ အိမ်တစ်ခုကိုဗုံးကြဲ တိုက်ခိုက်ရာ လူ၁၀ဦးသေဆုံး၍ အခြားသူများစွာဒဏ်ရာရရှိခဲ့သည်ဟု ယီမင်၏ ဆာဘာသတင်းဋ္ဌာနကဖော်ပြခဲ့သည်။

ထိုစဉ် ယီမင်အနောက်ပိုင်း ဆာနာပြည်နယ်ရှိ အယ်လ်ဂျီရတ်ဧရိယာကို ဆော်ဒီက ဗုံးကြဲခဲ့မှုကြောင့် လူ ၄ ဦးသေဆုံးပြီး ၁၂ဦး ဒဏ်ရာရခဲ့သည်။ဆာနာ၏ အခြားဒေသနှစ်ခုရှိ လူနေဧရိယာနှစ်ခုကို ဆော်ဒီက လေကြောင်းမှ တိုက်ခိုက်ခဲ့သဖြင့် မိသားစု တစ်ခုမှ မိသားစုဝင်သုံးဦးသေဆုံးခဲ့ပြီး အခြားသူများဒဏ်ရာရရှိခဲ့သည်။

ဆာနာပြည်နယ်မှာပင် အယ်လ်အမ္မရာနီဧရိယာရှိ အိမ်များကို ဆော်ဒီဂျက်တိုက်လေယာဉ်များကတိုက်ခိုက်မှုကြောင့် မိသားစု တစ်ခုမှ မိသားစုဝင် ၅ ဦးသေဆုံးခဲ့ပြီး ၇ ဦးဒဏ်ရာရခဲ့သည်။ ယီမင်၏ အနောက်မြောက်ပိုင်း ဆာဒါပြည်နယ်ရှိ ခရိုင်တစ်ခု ကို ဆော်ဒီဂျက်လေယာဉ်များက တိုက်ခိုက်ခဲ့မှုကြောင့် အရပ်သားနှစ်ဦးသေဆုံးပြီး လူအချို့ဒဏ်ရာရရှိခဲ့သည်။

ဆော်ဒီလေယာဉ်များသည် ဆာဒါးမြို့ရှိ လူနေဧရိယာများကို ဗုံးကြဲခဲ့ကြရာ အရပ်သား ၁၀ ဦးသေ၍ လူအချို့ဒဏ်ရာရရှိခဲ့သည်။

ဒါမာပြည်နယ်တွင်လည်း ဆော်ဒီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးနှစ်ဦးသေဆုံးခဲ့သည်။ နောက်ထပ်ဖြစ်စဉ်တစ်ခုတွင် ဗုံးများတင်ထားသော ကားတစ်စီး ဟူဒေဒါးပြည်နယ်ရှိ ဗဟိုစာကြည့်တိုက်အနီးပေါက်ကွဲခဲ့ရာ လူ၈ဦးသေဆုံးခဲ့ပြီး ဗုံးခွဲသူအပါ အဝင်၂၁ဦးဒဏ်ရာရရှိခဲ့သည်။

ဗုံးခွဲသမားသည် စစ်စခန်းတစ်ခုတွင် ဖောက်ခွဲရန်ရည်ရွယ်ခဲ့သော်လည်း စစ်စခန်းမရောက်မီပေါက်ကွဲသွားခြင်းဖြစ်သည်ဆိုသည်။ ယီမင်စစ်တပ်ကလည်း ဆော်ဒီရှိ စစ်စခန်းအချို့သို့ ဒုံးကျည်များစွာဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည်ဟု ဆာဘာသတင်း ဋ္ဌာနကဖော်ပြ ခဲ့သည်။

အမည်မဖော်သော ယီမင်သတင်းရင်းမြစ်တစ်ခု၏ ပြောကြားချက်အရ ဆော်ဒီစစ်သား အချို့လည်း သေဆုံးဒဏ်ရာ ရရှိခဲ့သည်ဆို သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly