ဘင်္ဂလားဒေ့ရှ်တွင် နှစ်ရက်အတွင်း မိုးကြိုးပစ်၍ သေဆုံးသူ ၅၀ ကျော်

ဘင်္ဂလားဒေ့ရှ်တွင် နှစ်ရက်အတွင်း မိုးကြိုးပစ်၍ သေဆုံးသူ ၅၀ ကျော်

ဒါကာ၊ မေ ၁၄ ။             ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ပြီးခဲ့သည့်နှစ်ရက်အတွင်း မိုးကြိုးပစ်ခံရ၍ သေဆုံးသူပေါင်းမှာ ၅၀ ကျော်ထက်မနည်းရှိကြောင်း ရဲက ပြောသည်။

သေဆုံးသူအများစုက လယ်ယာလုပ်ကိုင်စဉ်အတွင်း မိုးကြိုးပစ်ခံရသည့် လယ်သမားများက အများစုဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် မိုးကြိုးမုန်တိုင်းများ ကျရောက်ဖြစ်ပေါ်လေ့ရှိသည့် နိုင်ငံဖြစ်သော်လည်း ယခုနှစ်သည် ပို၍ပြင်းထန်စွာကြုံတွေ့ရခြင်းဖြစ်သည်။

အပူချိန်က ပုံမှန်မြင့်တက်နေပြီး သစ်တောပြန်တီးမှုများက အဓိကအကြောင်းဖြစ်ကြောင်း ပညာရှင်များက ပြောသည်။

သေဆုံးသူများတွင် မြို့တော်ဒါကာတွင် ဘောလုံးကန်ကစားနေသည့် ကျောင်းသားနှစ်ဦးနှင့် အခြားကလေးတစ်ဦးက သရက်သီးကောက်နေစဉ် မိုးကြိုးပစ်ခံရ၍ သေဆုံးကြခြင်းဖြစ်သည်။

ပြီးခဲ့သည့် မတ်လအတွင်းက မိုးကြိုးပစ်ခံရပြီး သေဆုံးသူပေါင်းက အယောက် ၉၀ နီးပါးရှိရာ ၂၀၁၅ တစ်နှစ်လုံးတွင် သေဆုံးသူဦးရေစုစုပေါင်းမှာ ၅၁ ဦးသာ ရှိခဲ့ခြင်းဖြစ်သည်ဟု VoA က သတင်းဖော်ပြသည်။

သေဆုံးသူဦးရေ ပိုများလာမည်ကို အလွန်စိတ်ပူနေမိကြောင်း ဘင်္ဂလားဒေ့ရှ်သဘာဝဘေးစီမံခန့်ခွဲရေးဌာနအကြီးအကဲ မိုဟာမတ်ရီအစ်အာမတ်က ဗီအိုအေသို့ ပြောသည်။

ယခုလနောက်ပိုင်းတွင်လည်း မိုးကြိုးမုန်တိုင်းများ ကျရောက်နိုင်ခြေရှိနေကြောင်း ၎င်းက ခန့်မှန်းပြောဆိုသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ဇွန်လမှ စက်တင်ဘာလအတွင်း မုတ်သုံရာသီကာလနှင့် အကြိုကာလများအတွင်း အားပြင်းမုန်တိုင်းများ ပုံမှန်ကြုံတွေ့ရနေသည့် နိုင်ငံလည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly