ကွန်ဂို နိုင်ငံသို့ မြောက်ကိုရီးယားက ပစ္စတိုသေနတ်များ ထောက်ပံ့ပေးနေကြောင်း ကုလသမဂ္ဂ ပြော

ကွန်ဂို နိုင်ငံသို့ မြောက်ကိုရီးယားက ပစ္စတိုသေနတ်များ ထောက်ပံ့ပေးနေကြောင်း ကုလသမဂ္ဂ ပြော

မေ ၁၄ ။                    ။ မြောက်ကိုရီးယားသည် ဗဟို အာဖရိက နိုင်ငံတစ်နိုင်ငံဖြစ်သော ကွန်ဂို နိုင်ငံသို့ ပစ္စတို သေနတ်များ ပေးသွင်းထောက်ပံ့ပေးနေသည်ဟု  ကုလသမဂ္ဂက ထုတ်ပြန်ပြောကြားသည်။ အဆိုပါ သေနတ်များကို ကွန်ဂိုတွင် ကုလသမဂ္ဂ၏ ငြိမ်းချမ်းရေးစောင့်ကြည့်အထူးအဖွဲ့က ကြားဖြတ်သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

" ငြိမ်းချမ်းရေး စောင့်ကြည့်အဖွဲ့က ပညာရှင်တွေက ကွန်ဂို အမျိုးသားရဲတပ်ဖွဲ့ဆီကို မြောက်ကိုရီးယားတို့ ဘက်က ပေးပို့ထားတဲ့ သေနတ်တွေကို တွေ့ရှိခဲ့ပါတယ်၊ သေနတ်တွေကို စစ်ဆေးကြည့်ရာမှာတော့ မြောက်ကိုရီးယားမှာ ထုတ်လုပ်ထားတဲ့အမှတ်တံဆိပ်တွေကို တွေ့ရပါတယ်" ဟု ဗဟိုအာဖရိကနိုင်ငံတွင် တာဝန်ထမ်းဆောင်နေသော ကုလအထူးအဖွဲ့က ပြောသည်။

သို့ရာတွင်လည်း ယင်းပစ္စတိုသေနတ်များမှာ ၂၀၁၄ ခုနှစ်က နိုင်ငံတွင် သမ္မတလုံခြုံရေးနှင့် အထူးတပ်ဖွဲ့များ၏ လေ့ကျင့်ရေးအစီအစဉ်အတွက် ကူညီထောက်ပံ့ပေ့းမှု တစ်စိတ်တစ်ဒေသ အဖြစ်ပေးပို့နေခြင်းဖြစ်ကြောင်း ကွန်ဂို စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က ပြောကြားသည်။

လက်တစ်လောတွင် မြောက်ကိုရီးယားနိုင်ငံသည် နိုင်ငံတကာသို့လက်မှတ်ရောင်းချခြင်းမပြုရန် ကုလသမဂ္ဂ၏ ပိတ်ပင်မှုကို ခံထားရသည်။

အဆိုပါ ပစ္စတိုသေနတ်များကို ကွန်ဂိုနိုင်ငံတွင်းရှိ မှောင်ခိုဈေးကွက်ထဲတွင်လည်း ရောင်းချနေသည်ကို တွေ့ရကြောင်း ကုလသမဂ္ဂထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly